Home > သတင်း > ရွေးကောက်ပွဲ > စစ်ကိုင်းတိုင်းမှာ လက်ရှိ အာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီကြီး ၄ ခုက မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်။

စစ်ကိုင်းတိုင်းမှာ လက်ရှိ အာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီကြီး ၄ ခုက မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် ၁၂၅ နေရာရှိပါတယ်။ အဲဒီနေရာအားလုံးကို လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က နေရာလပ်မကျန် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှာ အမည်စာရင်းတွေ တင်သွင်းထားပါတယ်။
“NLD၊ ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ကတော့ တိုင်းအတွင်း မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ တခြားပါတီတွေကတော့ နေရာတွေရွေးချယ်ပြီး ပြိုင်ကြမှာပါ။”လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်ထားတဲ့ ပါတီ ၁၇ ပါတီနှင့် တစ်သီးပုဂ္ဂလလျှောက်ထားသူ ၃၃ ဦးရှိပါတယ်။ ရှမ်းတိုင်းရင်းသားအတွက် ၇ ဦးနှင့် ချင်းတိုင်းရင်းသားအတွက် ၁၁ ဦးလျှောက်ထားတယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မဲဆန္ဒရှင်စုစုပေါင်း ၄၁ သိန်း ၆ သောင်းကျော်ရှိပြီး မဲရုံပေါင်း ၄၁၀၂ ရုံလျာထားတယ်လို့ သိရပါတယ်။
#ရွေးကောက်ပွဲ #ပါတီ #မဲဆန္ဒနယ် #စစ်ကိုင်းတိုင်း #မျက်မှောက်ခေတ်

error: Content is protected !!