Home > သတင်း > ပညာရေး > စစ်ကိုင်းတိုင်းတွင် တက္ကသိုလ်၀င်ခွင့်စာ မေးပွဲအောင်မြင်သူ (၃၅)ရာနှုန်းကျော်ရှိ။

စစ်ကိုင်းတိုင်းတွင် တက္ကသိုလ်၀င်ခွင့်စာ မေးပွဲအောင်မြင်သူ (၃၅)ရာနှုန်းကျော်ရှိ။

ပြီးခဲ့တဲ့ မတ်လအတွင်းကကျင်းပခဲ့တဲ့ တ
က္ကသိုလ်၀င်တန်းစားမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကဖြေဆိုသူအားလုံးရဲ့ (၃၅) ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တယ်လို့
မတ်လ (၉) ရက်နေ့က ပညာရေး၀န်ကြီးဌာန
ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်တန်း ဖြေဆို
သူပေါင်း (၁၂၅၆၀၇) ယောက်ရှိခဲ့ပြီး အဲဒီထဲက အောင်မြင်သူ (၄၄၁၇၀) ရှိခဲ့တဲ့အတွက် အောင်ချ
က်ရာနှုန်း (၃၅.၁၇) ရှိတယ်လို့ ပညာရေး၀န်
ကြီးဌာနက ထုတ်ပြန်ထားတာပါ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဂုဏ်ထူးရ ကျောင်းသူကျောင်းသားတွေအနေနဲ့
(၆) ဘာသာဂုဏ်ထူးရှင် (၄၅) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၁၂၀) ဦး၊ (၄) ဘာသာဂုဏ်
ထူးရှင် (၃၃၇) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်
(၉၀၅) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂၃၅၁)
ဦးနဲ့ (၁) ဘာသာထူဏ်ထူးရှင် (၆၆၈၂) ဦး ရှိ
ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါ၀င်ပါ
တယ်။
၂၀၂၀တက္ကသိုလ်၀င်ခွင့် စာမေးပွဲမှာ စစ်
ကိုင်းတိုင်းအတွင်းက ကိုယ်လက်အင်္ဂါမသ
န်စွမ်းကျောင်းသား (၆) ဦး၀င်ရောက်ဖြေဆို
ခဲ့ပြီး (၁) ဦးအောင်မြင်ခဲ့သလို အမြင်အာရုံ
မသန်စွမ်းကျောင်းသား (၆) ဦးမှာတော့
(၂) ဦးအောင်မြင်ခဲ့တယ်လို့ ပညာရေး၀န်
ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အကျဉ်းဦးစီးဌာနမှာဖြေဆိုတဲ့ ကျော
င်းသား (၁) ဦးလည်း အောင်မြင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ တက္ကသိုလ်၀င်ခွင့် စာမေးပွဲ
မှာတုန်းက စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အောင်ချက်ရာနှုန်းဟာ (၃၄.၁၅) ရာနှုန်းရှိခဲ့တာဖြစ်ပါတယ်။

error: Content is protected !!