Home > သတင်း > သဘာဝပတ်ဝန်းကျင် (Page 3)

ရိဒ်ရေကန် သန့်ရှင်းသာယာလှပရေး ကျပ်သိန်း ၅၀၀ အကုန်အကျခံ ဆောင်ရွက်မည်

အသည်းပုံရေကန်လို့ နာမည်ကြီးတဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့မှာရှိတဲ့ ရိဒ်ရေကန်ကို သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်စည်ပင်ရန်ပုံငွေကနေ ငွေကျပ်သိန်းပေါင်း ၅၀၀ အကုန်ကျခံကာ ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ်သိန်း ၅၀၀ နဲ့ ရိရေကန်ဆိုင်းဘုတ် စိုက်ထူတာ၊ ရေကန်ပတ်လမ်းမှာ...
Read More

မြစ်သဲကျောက်အလွန်အကျွံထုတ်လုပ်မှုကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေဆုံးရှုံးပြီး ကျေးရွာတွေပါ ကမ်းပြိုအန္တရာယ်နဲ့ ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကျေးရွာမှာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့က ချင်းတွင်းမြစ်အတွင်း မြစ်သဲကျောက် ထုတ်ယူတာတွေကို ပြုလုပ်နေပါတယ်။ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူနေတာကြောင့် လက်ရှိမှာ ဒေသခံတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနုကျွန်းတွေ ပြိုကျပျက်စီးပြီး ကောက်ပဲသီးနှံစိုက်ပျိုးစရာတွေ လျော့နည်းလာနေတာပါ။ ဒါ့အပြင် အနီးအနားက ရွှေကူ၊ ဝယာစတဲ့ကျေးရွာတွေကလည်း...
Read More

မုံရွာမြို့ ညောင်ကိုင်းအင်းအတွင်း လူနှစ်ဦး ရေနစ်သေဆုံး

မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ရွှေကြာရုံဘုန်းကြီးကျောင်းအနီးက ညောင်ကိုင်းအင်းအတွင်းမှာ ရေနစ်သေဆုံးနေတဲ့ လူနှစ်ဦးရဲ့ အလောင်းတွေကို ဇန်နဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရှိခဲ့ပါတယ်။ ရေနစ်သေဆုံးသူတွေက ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးငယ်တစ်ဦးနှင့် လူငယ်တစ်ဦးရဲ့...
Read More

ကနီမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာ ရေနံတူးပြီး နေထိုင်ကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာဖို့ သစ်တောတာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ ညွှန်ကြားထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်တန်း၊ သင်ဂတုံကြိုးဝိုင်းအတွင်း လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကတည်းက အခြေချကာ ရေနံတူးဖော်နေကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာသွားကြဖို့ သစ်တော တာဝန်ရှိသူတွေက ရေနံမှော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က လာရောက်ကာ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာပါ။ ဒီအတွက်...
Read More

ကျောမြို့ ကပစနယ်မြေအတွင်း တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို ယန္တရားနဲ့ စတင်ထိုး၊ တားဆီးတဲ့တောင်သူတွေကို တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်

တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃)က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာ တည်ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ စက်ရုံဧရိယာအတွင်းပါဝင်တဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ ကျေးရွာ ၃ ရွာက မဲပေးနိုင်သူဦးရေစုစုပေါင်း ၁၄၀၀...
Read More

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် အနှုတ် ၄ ဒီဂရီ စင်တီဂရိတ် ကျော်တဲ့အထိ ရောက်ရှိပြီး အအေးပိုနေ

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက အနိမ့်ဆုံးအပူချိန် အနှုတ် ၄.၄ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိလာတယ်လို့ ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းတစ်ဦးကပြောပါတယ်။ ဟားခါးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန်...
Read More

ကသာခရိုင်တွင် သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းမှာရှိတဲ့ စျေးကွက်က သိမ်းဆည်းထားတဲ့ ကာလတန်ဖိုးငွေကျပ် ၆၂ သိန်းကျော်ရှိ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းတွေကို ၂၀၂၀ ခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မန်စီကျေးရွာသွား လမ်းဘေးရှိ အမှိုက်ကျင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကသာခရိုင်...
Read More

မြောင်မြို့နယ်က မတ်ပဲစိုက်ခင်းဧက ၉၀၀ ကျော်မှာ ပိုးမွှားရောဂါကျရောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ မတ်ပဲစိုက်ဧက ၉၅၀ ကျော်မှာ ယင်ဖြူကောင်ကျရောက်ပြီး Yellow Mosaic Virus ရောဂါဖြစ်နေပါတယ်။ အဲဒီအတွက် မတ်ပဲပင်တွေမှာ အပင်အရွက်ဝါပြီး ထိခိုက်မှုတွေ ရှိနေတာပါ။ ဒီအခြေအနေတွေကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးတာတွေ...
Read More

ပုံတောင် ပုံညာကို ဖြတ်ကာ…..။

ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီ၀င်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်း လမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ထိုလမ်းကို ဖြတ်သန်း ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။...
Read More
error: Content is protected !!