ကနီမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာ ရေနံတူးပြီး နေထိုင်ကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာဖို့ သစ်တောတာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ ညွှန်ကြားထား
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်တန်း၊ သင်ဂတုံကြိုးဝိုင်းအတွင်း လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကတည်းက အခြေချကာ ရေနံတူးဖော်နေကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာသွားကြဖို့ သစ်တော တာဝန်ရှိသူတွေက ရေနံမှော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က လာရောက်ကာ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာပါ။ ဒီအတွက်... Read More
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။ “အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို... Read More
လဟယ်မြို့နယ်က ကျေးရွာအချို့ ရိက္ခာပြတ်လပ်နေလို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်လှုဒါန်းပေးနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာ လဟယ်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့နေကြရပါတယ်။ ဒီအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရတဲ့ ကျေးရွာတချို့ကို သွားရောက်ကာ ဆန်အိတ်တွေ ဝေငှပေးခဲ့ပါတယ်။ “လဟယ်မြို့နယ်အတွင်းက ရိက္ခာပြတ်တဲ့ကျေးရွာ ၉ ရွာကို ဆန်အိတ်တွေ... Read More
ကျောမြို့ ကပစနယ်မြေအတွင်း တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို ယန္တရားနဲ့ စတင်ထိုး၊ တားဆီးတဲ့တောင်သူတွေကို တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်
တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃)က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာ တည်ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ စက်ရုံဧရိယာအတွင်းပါဝင်တဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ ကျေးရွာ ၃ ရွာက မဲပေးနိုင်သူဦးရေစုစုပေါင်း ၁၄၀၀... Read More
ကသာခရိုင်တွင် သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းမှာရှိတဲ့ စျေးကွက်က သိမ်းဆည်းထားတဲ့ ကာလတန်ဖိုးငွေကျပ် ၆၂ သိန်းကျော်ရှိ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းတွေကို ၂၀၂၀ ခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မန်စီကျေးရွာသွား လမ်းဘေးရှိ အမှိုက်ကျင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကသာခရိုင်... Read More
ကိုဗစ်ကပ်ရောဂါကြောင့် အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို အစိုးရရဲ့ခွင့်ပြုချက်ရမှာသာ ဖွင့်လှစ်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို နှစ်စဉ် ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလတွေမှာ ဖွင့်လှစ်ပေးနေကြ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ဘုရားဖူးလမ်းကို အစိုးရက ခွင့်ပြုချက်ရမှသာ ဖွင့်လှစ်မယ်လို့ အလောင်းတော်ကဿပ ဂေါပကအဖွဲ့ထံက သိရပါတယ်။ အလောင်းတော်ကဿပ ဘုရားဖူးရာသီကာလကို နှစ်စဉ်... Read More
ပုံတောင် ပုံညာကို ဖြတ်ကာ…..။
ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီ၀င်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်း လမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ထိုလမ်းကို ဖြတ်သန်း ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။... Read More
ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသတွင် ထုံးကျောက် အကြီးစား စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းအတွက် ဧက ၄ ထောင်ကျော် လျှောက်ထားမှုကို ဒေသခံတွေကန့်ကွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသမှာ ကုမ္ပီဏီတစ်ခုက ထုံးကျောက်အကြီးစား စမ်းသပ်တိုင်းတာရန် လုပ်ကွက် ၂ ခုလျှောက်ထားမှုကို ဒေသခံတွေကကန့်ကွက်နေပါတယ်။ ဒီစီမံကိန်းအတွက် မဟာအာရှစီးပွားရေးအုပ်စု ကုမ္ပဏီလီမိတက် (Asia Great Economic Group Company Limited) က ထုံးကျောက်အကြီးစား... Read More
မြစ်သာမြစ်အကြောင်း တွေးမိရင်ဖြင့်…………။
ကျွန်တော်သည် မြစ်သာမြစ်ကမ်းနဖူးက ရွာကလေးတွင် မွေးဖွားကြီးပြင်းခဲ့သည်။ ကျွန်တော်သည် မြစ်သာမြစ်ထဲမှာပဲ ကိုယ်လက်သန့်စင်ခြင်းအမှုတွေ ပြုခဲ့သည်။ မြစ်သာမြစ်သည် ကျွန်တော်တို့ ငယ်ဘဝအတွက် ဆော့ဖော်ဆော့ဖက်၊ ကြီးပြင်းဖော် ကြီးပြင်းဖက်။ မြစ်သာမြစ်ရေနဲ့အတူ မျက်ရည်တွေလည်း စီးကျဖူးသည်။ မြစ်သာရဲ့ ရေအလျင်မှာလည်း မျောစီးလိုက်ပါခဲ့ဖူးသည်။ မြစ်သာမြစ်ရဲ့ ကလူကျီစယ်မှုကြောင့်... Read More









