Home > သတင်း > လူမှုရေး (Page 4)

ထီးဆောင်း မျက်စိဆေးရုံ ဇန်နဝါရီလ ၁၀ ရက်နေ့ ဖွင့်မည်

အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ ရွှေရတု တိပိဋက‌ စက္ခုပါလ ဆေးရုံတော်ကြီးကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အရေးကြီးလူနာတွေကို အဓိကထား ကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုး ပိုမိုပြန့်နှံ့လာတဲ့အခြေနေတွေကြောင့်...
Read More

မြစ်သဲကျောက်အလွန်အကျွံထုတ်လုပ်မှုကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေဆုံးရှုံးပြီး ကျေးရွာတွေပါ ကမ်းပြိုအန္တရာယ်နဲ့ ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကျေးရွာမှာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့က ချင်းတွင်းမြစ်အတွင်း မြစ်သဲကျောက် ထုတ်ယူတာတွေကို ပြုလုပ်နေပါတယ်။ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူနေတာကြောင့် လက်ရှိမှာ ဒေသခံတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနုကျွန်းတွေ ပြိုကျပျက်စီးပြီး ကောက်ပဲသီးနှံစိုက်ပျိုးစရာတွေ လျော့နည်းလာနေတာပါ။ ဒါ့အပြင် အနီးအနားက ရွှေကူ၊ ဝယာစတဲ့ကျေးရွာတွေကလည်း...
Read More

ခင်မွန်ကျေးရွာ ကိုဗစ်ပိုးတွေ့ သူနာပြုဆရာမနဲ့ ထိတွေ့သူ ကိုယ်ဝန်ဆောင်မိခင် အနည်းဆုံး ၁၂၀ ရှိမယ်လို့ ခန့်မှန်းထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ ကလေးငယ်တွေနှင့် ကိုယ်ဝန်ဆောင်မိခင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ သားဖွားသူနာပြုဆရာမတစ်ဦးဆီကနေ ဇန်ဝါရီလ ၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ထိစပ်ခဲ့သူအားလုံးကို ရှာဖွေနေပြီး ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ သားဖွားသူနာပြုဆရာမက ခင်မွန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး ပိုးမတွေ့ခင်...
Read More

မုံရွာမြို့ ညောင်ကိုင်းအင်းအတွင်း လူနှစ်ဦး ရေနစ်သေဆုံး

မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ရွှေကြာရုံဘုန်းကြီးကျောင်းအနီးက ညောင်ကိုင်းအင်းအတွင်းမှာ ရေနစ်သေဆုံးနေတဲ့ လူနှစ်ဦးရဲ့ အလောင်းတွေကို ဇန်နဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရှိခဲ့ပါတယ်။ ရေနစ်သေဆုံးသူတွေက ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးငယ်တစ်ဦးနှင့် လူငယ်တစ်ဦးရဲ့...
Read More

မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာကျပ် ၁၀၀ ဝန်းကျင်အထိ ကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေတယ်လို့ ကြက်သွန်စိုက် တောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေက ဘင်္ဂလားဒေ့ရ်ှနှင့် တရုတ်နိုင်ငံတို့ကနေ ၀ယ်လိုအားကြောင့် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၈၀၀ ကနေ ၁၀၀၀ ကြား...
Read More

ကိုဗစ်ကြောင့် ချင်းအမျိုးသားနေ့ ကျင်းပရန် မသေချာ

လာမယ့်၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ကျရောက်မယ့် ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကိုဗစ်ကပ်ရောဂါကြောင့် ကျင်းပဖို့ မသေချာသေးဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ကို...
Read More

ကနီမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာ ရေနံတူးပြီး နေထိုင်ကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာဖို့ သစ်တောတာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ ညွှန်ကြားထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်တန်း၊ သင်ဂတုံကြိုးဝိုင်းအတွင်း လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကတည်းက အခြေချကာ ရေနံတူးဖော်နေကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာသွားကြဖို့ သစ်တော တာဝန်ရှိသူတွေက ရေနံမှော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က လာရောက်ကာ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာပါ။ ဒီအတွက်...
Read More

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။ “အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို...
Read More

လဟယ်မြို့နယ်က ကျေးရွာအချို့ ရိက္ခာပြတ်လပ်နေလို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်လှုဒါန်းပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာ လဟယ်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့နေကြရပါတယ်။ ဒီအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရတဲ့ ကျေးရွာတချို့ကို သွားရောက်ကာ ဆန်အိတ်တွေ ဝေငှပေးခဲ့ပါတယ်။ “လဟယ်မြို့နယ်အတွင်းက ရိက္ခာပြတ်တဲ့ကျေးရွာ ၉ ရွာကို ဆန်အိတ်တွေ...
Read More
error: Content is protected !!