Home > သတင်း > တရားဉပဒေစိုးမိုးရေး > မုံရွာတွင် အငြင်းပွားမြေ ခြံစည်းရိုးခတ်ရာက အဓိကရုန်းဖြစ်ပွားခဲ့တဲ့နေရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သွားရောက်ကြည့်ရှု၊ လုံခြုံရေးချထားဖို့ မှာကြား

မုံရွာတွင် အငြင်းပွားမြေ ခြံစည်းရိုးခတ်ရာက အဓိကရုန်းဖြစ်ပွားခဲ့တဲ့နေရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သွားရောက်ကြည့်ရှု၊ လုံခြုံရေးချထားဖို့ မှာကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဓိကရုန်းကြောင့် လူ ၅ ဦးထိခိုက်ဒဏ်ရာရကာ တစ်ဦး သေဆုံးခဲ့ပါတယ်။

ညနေပိုင်းမှာတော့ အခင်းဖြစ်ပွားရာနေရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မင်းမဲ့စရိုက်ဆန်ဆန်လုပ်ဆောင်မှုတွေကို လက်မခံနိုင်ကြောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူတွေအနေနဲ့ အမှန်တရားဖက်က ရပ်တည်ကြဖို့လိုကြောင်း၊ နောက်ထပ် အလားတူပြဿနာမျိုး မဖြစ်အောင် ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးချထားပေးဖို့ မှာကြားခဲ့ပါတယ်။

အငြင်းပွားမြေက ရွာရဲ့ ဘောလုံးကွင်း၊ အားကစားကွင်းအဖြစ် အသုံးပြုနေတာဖြစ်ပြီး ကွင်းဘေးတွင်လည်း လာရောက်နေထိုင်တဲ့ နေအိမ်တဲ ၅ လုံးရှိပါတယ်။ လက်ရှိအခင်းဖြစ်ပွားရာမှာတော့ အဆောက်အဦး၊ ဝင်းခြံနှင့် ပစ္စည်းအချိုု့ ပျက်စီးခဲ့ပါတယ်။ အငြင်းပွားမြေအနီးမှာ နေထိုင်သူတွေကတော့ ဆက်နေရမှာကိုလည်း ကြောက်ရွံ့နေပြီး ညရေးညတာအတွက်လည်း စိုးရိမ်မှုတွေ ရှိနေတကာ တချို့ကတော့ ရပ်ကွက်အတွင်းက ဆွေးမျိုးအိမ်တွေကို ပြောင်းရွှေ့တာတွေလည်း လုပ်ဆောင်နေကြပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!