Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ခန္တီးခရိုင်နှင့် နာဂဒေသတွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဆရာ/မ များကို ရေယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။

ခန္တီးခရိုင်နှင့် နာဂဒေသတွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဆရာ/မ များကို ရေယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ကြမယ့် ဆရာ/ဆရာမ တွေကို အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ရေလမ်းကတဆင့် အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသည် သယ်ယူပို့ဆောင်ရေး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ခရီးတွေကို ပိတ်ထားတဲ့အတွက် သွားလာရေးအခက်အခဲ မဖြစ်အောင် လုပ်ဆောင်ပေးတာပါ။

ရေလမ်းခရီးမှာ လိုက်ပါကြမယ့် ဆရာ/ဆရာမတွေရဲ့ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းတွေအတွက်လည်း ရေကြောင်းတလျှောက်က သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူတွေကနေ ကူညီစီစဉ်ဖို့လည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။ တချို့ဆရာမတွေကတော့ ကုန်းလမ်းကနေ သွားဖို့ စီစဉ်တာတွေလည်းရှိနေပါတယ်။

ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ကြရမယ့် ဆရာ/ဆရာမတွေကို ပို့ဆောင်ပေးရာမှာ ခန္တီးမြို့နယ် ၁၉၆ ဦးအတွက် အမြန်ရေယာဉ် ၂ စီး၊ လဟယ်မြို့နယ် ၈၉ အတွက် အမြန်ယာဉ် ၁ စီး၊ စုစုပေါင်း အမြန်ရေယာဉ် ၃ စီး၊ လူ ၂၉၀ ဦးပါရှိပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်ကျပ်သိန်း ၇၀ နီးပါးကို တိုင်းအစိုးရက အကုန်အကျခံပို့ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ရိုက်ကူး-အေပီတီ/တင်ဆက်-သူရိယထက်

error: Content is protected !!