Home > သတင်း > ရွေးကောက်ပွဲ (Page 3)

ကလေးမြို့နယ်မှာ ပြည်သူ့ပါတီဆိုင်းဘုတ်ကို ရပ်ကျေးကော်မရှင်ဉက္ကဌနဲ့အဖွဲ့ကဖျက်ဆီး၊ ချင်းဓလေ့နဲ့ ကျေအေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မောက်လင်းအုပ်စု၊ ပြည်တော်သာကျေးရွာမှာ စိုက်ထူထားတဲ့ ပါတီဆိုင်းဘုတ်နှင့် ပါတီခေါင်းဆောင်ပုံတွေပါတဲ့ ဆိုင်းဘုတ်ကို နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ကျေးရွာအုပ်စုကော်မရှင်ဉက္ကဌ၊ နယ်မြေရဲတပ်ဖွဲ့ဝင်နှင့် အထူးရဲတို့လာရောက်ကာ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပါတီအတွင်းရေးမှူးရဲ့နေအိမ် ခြံစည်းရိုးမှာ စိုက်ထူတားတဲ့ဆိုင်းဘုတ်ကို မဲဆွယ်ဆိုင်းဘုတ်နဲ့မှားပြီး ဖျက်မိတာဖြစ်ပြီး...
Read More

မုံရွာမြို့က မဲရုံအချို့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့မြင်ကွင်း(ဓာတ်ပုံ)

မုံရွာမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့အတွက် မဲရုံတွေ ကြိုတင်ပြင်ဆင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ မြို့နယ်တွင်း မဲရုံပေါင်း ၁၉၀ ကျော်ရှိပြီး အိမ်ထောင်စု ၇၅၀၀၀ ကျော်က မဲပေးနိုင်သူဦးရေ ၂၉၀၀၀၀ ကျော်ရှိပါတယ်။

ခန္တီးနှင့် မင်းကင်းတွင် နိုဝင်ဘာ ၈ ရက်နေ့အတွက် မဲရုံကြိုတင်ပြင်ဆင်နေမှုမြင်ကွင်း (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းအတွင်းက ခန္တီးမြို့နယ်၊ မင်းကင်းမြို့နယ်တွေအပြင် တနိုင်ငံလုံးက ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အဆင်သင့်ဖြစ်နိုင်ရေးအတွက် မဲရုံတွေကို ကြိုတင်ပြင်နေကြပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့မတူဘဲ တမူထူးခြားစွာ ကျန်းမာရေးအကာအကွယ်အတွက် ပြင်ဆင်ထားရှိမှုတွေကိုလည်း မြင်တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ဆက်သွယ်ရေးဉပဒေနဲ့ တရားစွဲမှု အနည်းဆုံး ၄ မှုရှိနေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် (၄) ခုမှာ ဆက်သွယ်ရေးဉပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတဲ့အမှု (၄) ခုထိ ရှိလာနေပါတယ်။ စစ်ကိုင်းမြို့မှာ အလွတ်တန်းသတင်းထောက်တစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းက တိုင်းကြားတဲ့အမှု၊ လေရှီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...
Read More

မော်လိုက်မြို့နယ် ထွေ/အုပ်ဝန်ထမ်းတစ်ဦး မဲလက်မှတ်မရလို့ ကြိုတင်မဲပေးခွင့်ဆုံးရှုံး

သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကော်မရှင်အချင်းချင်း ချိတ်ဆက်မှု အားနည်းလို့ နိုင်ငံ့ဝန်ထမ်းအပါအဝင် နိုင်ငံသားအချို့ မဲပေးခွင့် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ အချိန်မှီ ပုံစံ ၁၅ နဲ့ ကြိုတင်မဲအတွက် လျှောက်ထားခဲ့ပေမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းထိ...
Read More

ခန္တီးမြို့တွင် နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် အင်အားပြမဲဆွယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေက အပြိုင်အဆိုင် အင်အားပြ မဲဆွယ်တာတွေ ပြုလုပ်လာနေကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကား၊ ဆိုင်ကယ်တွေနဲ့ လူဦးရေ ၃၀၀ ကျော်က မဲဆွယ်အင်အားပြ လှည့်လည်ခဲ့သလို နာဂအမျိုးသားပါတီကလည်း နိုဝင်ဘာလ...
Read More

မင်းကင်းတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်ကယ်နဲ့ဝင်တိုက်ခံရ၊ ဘေးကကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မွှေးလွင်ကို လင်းလုကျေးရွာတွင် ရွာသားတစ်ဦးက ဆိုင်ကယ်နဲ့ နောက်ကနေ ဝင်တိုက်မှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အခုလို ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့အတွက် ဒေါ်ခင်မွှေးလွင်ကိုတော့ ဘေးနားက တစ်ယောက်ဆွဲဖယ်လိုက်တာကြောင့် ထိခိုက်မှုမရှိခဲ့ပေမယ့်...
Read More

စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ကိုဗစ်စည်းကမ်းဖောက်လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းချက် တွေကို ဆန့်ကျင်ပြီး မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့လို့ဆိုပြီး ရွှေဘိုခရိုင်ပြည်ခိုင်ဖြိုးပါတီ (USDP) ဥက္ကဌက နို၀င်ဘာ (၃) ရက်နေ့က ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က လာမယ့်ရွေးကောက်ပွဲမှာ...
Read More

တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ အစိမ်းကို မဲပေးရမယ်ဆိုပြီးပြောဆို

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောမြို့တွင် တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃) ရှိ တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ ရွေးကောက်ပွဲမှာ အစိမ်းကိုသာ မဲပေးရမယ်ဆိုပြီး ပြောဆိုမှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ကန့်သက်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို...
Read More
error: Content is protected !!