Home > သတင်း > ရွေးကောက်ပွဲ (Page 2)

ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကို NLD ဉ/ထောက်ကော်မတီက ရဲစခန်းမှာ အမှုဖွင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဉပဒေအထောက်အကူပြုအဖွဲ့ကနေ တရားလိုပြုလုပ်ကာ မင်းကင်းမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း မင်းကင်းမြို့နယ်အတွင်းက ကျွန်းတော်ကျေးရွာနှင့် ဉယျာဉ်မကျေးရွာတို့မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီး မဲဆွယ်ခဲ့တာကြောင့်...
Read More

မေတ္တာတရားကို မေတ္တာတရားဖြင့် တုန့်ပြန်ရင် အသင့်ရှိကြောင်း AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က စာမျက်နှာ နှစ်မျက်နှာပါ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားတာပါ။ AA ကနေ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃...
Read More

ထောက်ခံသူရော၊ မထောက်ခံသူရဲ့အခွင့်အရေးပါ ကာကွယ်သွားမယ်လို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေနဲ့ အဖွဲ့ချုပ်ကို ထောက်ခံတဲ့သူရော မထောက်ခံတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ နိုဝင်ဘာ (၁၇) ရက်က NLD ပါတီရဲ့ facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ စာပိုဒ် (၅) ပိုဒ် ပါဝင်ပြီး...
Read More

ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ကို ရွာထဲအဝင်မခံခဲ့တဲ့ ရာအိမ်မှုးကို ထောင်ဒဏ်တစ်လချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်းတို့ အပါအဝင် NLD ပါတီဝင်တွေက အောက်တိုဘာလ ၂၇ ရက်နေ့က မဲဆွယ်စည်းရုံးရေးသွားရာမှာ ရွာထိပ်အရောက်မှာ ရာအိမ်မှုးက ဝါးလုံးနဲ့တားကာ အဝင်မခံတာဖြစ်ခဲ့ပါတယ်။ ဒီအတွက်...
Read More

ကနီမြို့နယ်တွင် မဲဆန္ဒရှင်အချို့ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် အမှုဖွင့်တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သစ်ခက်ကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မဲမပေးလိုက်ရသူတွေက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူကို အရေးယူပေးဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲကို...
Read More

စစ်ကိုင်းတိုင်းမှာ မဲဆန္ဒနယ် ၃၀ ခုရဲ့ မဲရလဒ်ကိုသာ ထုတ်ပြန်နိုင်သေး

ရွေးကောက်ပွဲကျင်းပပြီး (၃) ရက်ကြာတဲ့ ဒီကနေ့ နို၀င်ဘာလ (၁၁) ရက်နေ့ နေ့လည်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် (၁၀) မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၃၀ ကိုသာ မဲရလဒ်တွေ ထုတ်ပြနိုင်သေးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြင်းမူ၊...
Read More

လေရှီးမြို့နယ်တွင် NLD ပါတီက မဲဝယ်တယ်ဆိုပြီး USDP ပါတီက ကော်မရှင်ကို တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာ ရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ပါတီအနိုင်ရရှိရေးအတွက် မဲဝယ်တာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီကနေ နိုဝင်ဘာလ ၁၀ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေဆီကနေ မဲရရှိရေးအတွက်...
Read More

ယင်းမာပင်မြို့နယ်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး ဓားထိုးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး ဓားထိုးခံရတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်အောင်စိုးက ပြောပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသမီးက ဒေါ်ညိုညိုသန်းဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်...
Read More

ရွေးကောက်ပွဲရလဒ်တွေကို ကျေနပ်မှုမရှိလို့ ပြန်လည်စိစစ်ပေးဖို့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေ တောင်းဆို

မနေ့က ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က နေရာအားလုံး အနိုင်ရရှိခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က အတည်ပြုထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ ဉပဒေနဲ့အမညီတဲ့...
Read More
error: Content is protected !!