ကောလင်းစည်ပင်ဉက္ကဌအိမ် မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမင်းညီအိမ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ စည်ပင်ဥက္ကဌက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကောလင်းမြို့မှာ အရင်ကတည်းက ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိပါတယ်။ “အရင်ကတည်းက အပြင်မှာတော့... Read More
ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကို NLD ဉ/ထောက်ကော်မတီက ရဲစခန်းမှာ အမှုဖွင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဉပဒေအထောက်အကူပြုအဖွဲ့ကနေ တရားလိုပြုလုပ်ကာ မင်းကင်းမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း မင်းကင်းမြို့နယ်အတွင်းက ကျွန်းတော်ကျေးရွာနှင့် ဉယျာဉ်မကျေးရွာတို့မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီး မဲဆွယ်ခဲ့တာကြောင့်... Read More
ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ကို ရွာထဲအဝင်မခံခဲ့တဲ့ ရာအိမ်မှုးကို ထောင်ဒဏ်တစ်လချမှတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်းတို့ အပါအဝင် NLD ပါတီဝင်တွေက အောက်တိုဘာလ ၂၇ ရက်နေ့က မဲဆွယ်စည်းရုံးရေးသွားရာမှာ ရွာထိပ်အရောက်မှာ ရာအိမ်မှုးက ဝါးလုံးနဲ့တားကာ အဝင်မခံတာဖြစ်ခဲ့ပါတယ်။ ဒီအတွက်... Read More
ကနီမြို့နယ်တွင် မဲဆန္ဒရှင်အချို့ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် အမှုဖွင့်တိုင်ကြား
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သစ်ခက်ကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မဲမပေးလိုက်ရသူတွေက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူကို အရေးယူပေးဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲကို... Read More
ချင်းတွင်းမြစ်အတွင်း ဆီတင်မော်တော်ယာဉ်မီးလောင်ပြီး ကျပ်သိန်း ၂၀၀ နီးပါးဆုံးရှုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ အောင်မိုးကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ ဆီတင်မော်တော်ယာဉ်တစ်စီးမီးလောင်မှု နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အထက်ပိုင်း ဥရုချောင်းရှိ နမ့်တောကျေးရွာကို ထွက်ခွာစဉ် မြစ်လယ်မှာ စက်ခန်းအတွင်း ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။... Read More
ယင်းမာပင်မြို့နယ်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး ဓားထိုးခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး ဓားထိုးခံရတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်အောင်စိုးက ပြောပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသမီးက ဒေါ်ညိုညိုသန်းဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်... Read More
ကလေးမြို့နယ်မှာ ပြည်သူ့ပါတီဆိုင်းဘုတ်ကို ရပ်ကျေးကော်မရှင်ဉက္ကဌနဲ့အဖွဲ့ကဖျက်ဆီး၊ ချင်းဓလေ့နဲ့ ကျေအေးပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မောက်လင်းအုပ်စု၊ ပြည်တော်သာကျေးရွာမှာ စိုက်ထူထားတဲ့ ပါတီဆိုင်းဘုတ်နှင့် ပါတီခေါင်းဆောင်ပုံတွေပါတဲ့ ဆိုင်းဘုတ်ကို နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ကျေးရွာအုပ်စုကော်မရှင်ဉက္ကဌ၊ နယ်မြေရဲတပ်ဖွဲ့ဝင်နှင့် အထူးရဲတို့လာရောက်ကာ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပါတီအတွင်းရေးမှူးရဲ့နေအိမ် ခြံစည်းရိုးမှာ စိုက်ထူတားတဲ့ဆိုင်းဘုတ်ကို မဲဆွယ်ဆိုင်းဘုတ်နဲ့မှားပြီး ဖျက်မိတာဖြစ်ပြီး... Read More
ပုလဲမြို့နယ်တွင် ငွေကျပ် ၂.၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆိးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ကျပ် ၂.၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည် Facebook Page ကနေ သတင်းထုတ်ပြန်ပါတယ်။ ကြိုတင်ရရှိတဲ့ သတင်းအရ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေက ပုံတောင်နတ်ထိပ်ကျေးရွာအနီး ပုလဲ-ဂန့်ဂေါကားလမ်းမှာ... Read More
စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ဆက်သွယ်ရေးဉပဒေနဲ့ တရားစွဲမှု အနည်းဆုံး ၄ မှုရှိနေ
၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် (၄) ခုမှာ ဆက်သွယ်ရေးဉပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတဲ့အမှု (၄) ခုထိ ရှိလာနေပါတယ်။ စစ်ကိုင်းမြို့မှာ အလွတ်တန်းသတင်းထောက်တစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းက တိုင်းကြားတဲ့အမှု၊ လေရှီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ... Read More








