Home > သတင်း > စစ်ရေး > စစ်ကိုင်းတိုင်းမှာ စက်သုံးဆီတွေ ပြတ်လပ်ပြီး စျေးနှုန်းများမြင့်တက်

စစ်ကိုင်းတိုင်းမှာ စက်သုံးဆီတွေ ပြတ်လပ်ပြီး စျေးနှုန်းများမြင့်တက်

စစ်ကိုင်းတိုင်းထဲက မြို့ပြနဲ့ကျေးလက်ဒေသတွေမှာ မတ်လ ၄ ရက်နေ့ကစလို့ စက်သုံးဆီတွေ ပြတ်လပ်‌နေပြီး စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ စက်သုံးဆီအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

အချို့မြို့ပြဒေသတွေမှာ စက်သုံးဆီကို ခွဲတမ်းနဲ့ ဝယ်ယူနေကြရပြီး ရက်ကြာလာတာနဲ့အမျှ ပြတ်လပ်ကုန်တော့မှာဖြစ်ကာ ရေရှည်အခက်ခဲတွေ ဖြစ်ပေါ်လာကြမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“မြို့ပြတောင် နေရာတိုင်းမရဘူး ။ ရရင်လည်း ဓာတ်ဆီတဗူးလောက်ပဲ လူတယောက်ကို ရောင်းပေးနေတာ ။ စက်ဆီစျေးနှုန်းတွေကလည်း အဆမတန်မြင့်တက်သွားတယ်။ ကျေးလက်ဒေသတွေမှာဆိုရင် စက်သုံးဆီတွေ မရကြတော့ဘူး ။ ရေရှည်ဆိုရင်တော့ ဒုက္ခရောက်ကြတော့မှာ ” လို့ စက်သုံးဆီအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဒါ့အပြင် ရေနံဆီအပါအဝင် ရေနံကနေ ချက်လို့ရရှိလာတဲ့ ဓာတ်ပျက်ဓာတ်ဆီစျေးနှုန်းဟာ တပီပါကို ကျပ်ငွေ ဆယ်သိန်းကျပ်အထိ စျေးတွေမြင့်တက်သွားတယ်လို့ ပြောပါတယ်။

ယခင်က ဓာတ်ဆီတလီတာတဗူးကို ကျပ်ငွေ ၄၀၀၀ စျေးသာရှိခဲ့ပြီး ယခုအခါမှာ ကျပ်ငွေ ၈၀၀၀ အထိ စျေးတက်သွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ဓာတ်ဆီ‌‌ ဈေးတက်နေတဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်အထိရှိပြီး နာဂဒေသနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာတော့ ဘက်စုံသုံးစက်သုံးဆီစျေးတွေ အဆမတန် မြင့်တက်နေတာဟာ နှစ်နဲ့ချီရှိနေပြီလို့လည်း သိရပါတယ်။

Photo credit

error: Content is protected !!