Home > သတင်း > စစ်ရေး > ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်

ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိိုင်း ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတစ်ဝိုက်ကို စစ်ကော်မရှင်တပ်က ဒီကနေ့ မတ်လ ၁ ရက်နေ့ တနေကုန်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်က ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ ၊ ပါရာမိုတာ ၊ Y-12 စတာတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

“ဒီနေ့ကတော့ တနေကုန် ဗုံးလာကြဲနေတယ်။ ဗုံးကြဲလို့ရတဲ့ လေယာဉ်တွေအကုန်သုံးပြီး ကြဲနေတာ ။ တနေကုန်ပဲ” လို့ ပုလဲမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတစ်ဝိုက်ကို လေကြောင်းသုံး ဗုံးကြဲခဲ့ပါသေးတယ်။

ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေတာဟာ နှစ်နဲ့ချီရှိနေပြီဖြစ်ပါတယ်။

error: Content is protected !!