Home > သတင်း > ဒေသတွင်းသတင်း (Page 41)

စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ကွန်ပျူတာစနစ်ဖြင့် ထုတ်မည့် ပြေစာဖြင့် ကောက်ခံနိုင်ရေး သင်တန်းပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ကွန်ပျူတာစနစ်သုံး ပြေစာနဲ့ စည်ပင်အခွန်အခတွေ ကောက်ခံနိုင်ရေး သင်တန်းပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးအမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်က ပြောပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တွေနှင့် မြို့စည်ပင်သာယာရေးအဖွဲ့တွေက အမှုဆောင်အရာရှိတွေနဲ့အတူ Video Conferencing System နဲ့...
Read More

စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေအတွက် သီးနှံရိတ်သိမ်းချိန်လွန် နည်းပညာတွေ ပံ့ပိုးပေးဖို့လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တောင်သူတွေကို သီးနှံရိတ်သိမ်းချိန်လွန် နည်းပညာ ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ ကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကပြောပါတယ်။ တောင်သူတွေအနေနဲ့ သီးနှံစိုက်ပျိုးချိန်မှာ ရာသီဥတု၊ ဖျက်ပိုးအန္တရာယ် စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရသလို ရိတ်သိမ်းပြီးချိန်မှာလည်း ပျက်စီးမှုတွေရှိနေတာကြောင့်...
Read More

ချင်းတွင်းတံတားတည်ဆောက်ချိန်က နစ်နာခဲ့တဲ့ မြေယာအတွက် လျော်ကြေးပေးအပ်နိုင်ဖို့ တိုင်းလယ်/စီမှာ စီစစ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ချင်းတွင်းမြစ်ကို ဖြတ်တည်ဆောက်ထားတဲ့ ချင်းတွင်းတံတား (မုံရွာ) တည်ဆောက်စဉ်က နစ်နာခဲ့တဲ့ ယင်းမာပင်မြို့နယ်က မြေပိုင်ရှင်တွေကို လျော်ကြေးပေးနိုင်ဖို့ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က စီစစ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ လမ်းပန်း၀န်ကြီးက ပြောပါတယ်။ ဩဂုတ်လ (၂၈) ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်...
Read More

ချင်းတွင်းမြစ်အတွင်းက ရေယာဉ်တွေကို (၃) ရက်တိုးပြီး ရပ်နားထား

မျက်မှောက်ခေတ် မုံရွာ၊ ဩဂုတ် ၂၄ မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက်ကို ဆက်လက်ပြီးကျော်လွန် ရောက်ရှိနေတဲ့အတွက် မြစ်အတွင်းပြေးဆွဲနေတဲ့ ရေယာဉ်တွေကို နောက်ထပ်(၃)ရက်တိုးမြှင့်ပြီး ယာယီရပ်နားထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကအမြန်ရေ ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ အတွင်းရေးမှူး ကပြောပါတယ်။ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့...
Read More

စိုးရိမ်ရေအမှတ် ကျော်လွန်နေတဲ့ မင်းကင်းမြို့နယ်တွင် မြစ်ကမ်းဘေးနေသူများ သတိပြု့နေထိုင်ကြဖို့ သက်ဆိုင်ရာက မြစ်ကြောင်းတလျှောက် နှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှု့ဌာန၊ မီးသတ်ဦးစီးဌာနနဲ့ ဆက်စပ်ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ချင်းတွင်းမြစ်ကြောင်းတလျှောက် ရေဝင်အရပ်မှာ နေထိုင်ကြသူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ကို အသိပေး နှိုးဆော်တာတွေ ပြုလုပ်နေပါတယ်။ မိုလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့ ဩဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခန့်အချိန်...
Read More

စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးအပါအဝင် ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်အပါအဝင် ဝန်ထမ်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်က ဩဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းတွေက လုပ်ပိုင်ခွင့်အာဏာကို စွဲကိုင်ကာ...
Read More

မင်းကွန်းခြ‌ေင်္သ့ကြီးအနီးမြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်အကြာမြေမြုပ်နေသော ခြ‌ေင်္သ့ရုပ်တုအစွယ်နှစ်ချောင်းအားပြန်လည်တွေ့ရှိ

စစ်ကိုင်းမြို့နယ်၊မင်းကွန်း ယဉ်ကျေးမှုဒေသရှိ၊ မင်းကွန်းခြ‌ေင်္သ့ ကြီးအနီး သြဂုတ်လ ၁၉ရက်နေ့က မြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်ကြာ မြေမြုပ်ပျောက်ကွယ်နေသည့် မင်းကွန်းသမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးများ၏အစွယ် နှစ်ချောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။”ခရီးသွားအဝင်အထွက် အသွားအလာ လုံးဝမရှိတော့ ကိုဗစ်ကာလမှာ ဈေးဆိုင်အားလုံးပိတ်ထားကြရတယ်။ကိုဗစ် အလွန် နိုင်ငံခြားသားဧည့်သည်တွေဝင်လာရင်...
Read More

မြစ်ရေတက်လာလို့ ချင်းတွင်းမြစ်အတွင်းက ရေယာဉ်တွေ ပြေးဆွဲခွင့် အခုနှစ်အတွင်း ပထမဆုံးအကြိမ် ယာယီရပ်နား

ချင်းတွင်းမြစ်အတွင်းမှာပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေနှင့် ကုန်တင်ရေယာဉ်တွေကို ဩဂုတ်လ (၂၁) ရက်နေ့ကစပြီး ပြေးဆွဲခွင့် ယာယီပိတ်သိမ်းသွားမယ်လို့ တိုင်းဒေသကြီး ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီက သိရပါတယ်။ ချင်းတွင်းမြစ်အတွင်းမှာ မြစ်ရေမြင့်တက်လာပြီး မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို နီးလာက ရေအမှတ် (၉၀၀) စင်တီမီတာကျော်ကို...
Read More

မင်းကင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရနှင့် NLDကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရပ်ရွာအတွင်း လှည့်လည် အော်ဟစ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား တရားစွဲဆို

နိုင်ငံတော်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရည်ရွယ်ကာ ညစ်ညမ်းတဲ့ စကားလုံးတွေသုံးပြီး ရပ်ရွာထဲ လှည့်လည် အော်ဟစ်ခဲ့တဲ့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို မင်းကင်းမြို့နယ် NLD ပါတီကနေ မောက္ကတော်နယ်မြေရဲစခန်းမှာ ဩဂုတ်လ ၁၈ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။...
Read More
error: Content is protected !!