Home > သတင်း > စီးပွားရေး > စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုနည်းပါးလို့ အရင်နှစ်ကထက် ကြံစိုက်ဧက (၁) သောင်းကျော်လျော့နည်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုနည်းပါးလို့ အရင်နှစ်ကထက် ကြံစိုက်ဧက (၁) သောင်းကျော်လျော့နည်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးရွာသွန်းနည်းပါးခဲ့တာကြောင့် ဒီနှစ်မှာ အရင်နှစ်ကထက် ကြံစိုက်ဧက တစ်သောင်းကျော် လျော့နည်းခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။ အခုနှစ်အတွင်း ကြံစိုက်ဧက ၁၇၀၀၀၀ စိုက်ပျိုးဖို့ လျာထားခဲ့ပေမယ့် မိုးခေါင်တဲ့အတွက် ဧက ၁၅၀၀၀၀ ကျော်သာ စိုက်ပျိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ကြံစိုက်ဧကလျော့နည်းတာက ပြီးခဲ့တဲ့ မိုးနှောင်း မြေပြင်တဲ့ အချိန်မှာ မိုးခေါင်တဲ့အတွက် မြေအစိုဓါတ်မရတော့ တောင်သူကလည်း စိုက်ချိန်နောက်ကျတယ်၊ အဲဒါကြောင့်မို့ စိုက်ဧကလျော့နည်းသွားတာ ဖြစ်ပါတယ်။ ကြံက မြေအစိုဓါတ်မရှိရင် စိုက်ပျိုးလို့မရပါဘူး။ လျော့နည်းတာကတော့ တစ်တိုင်းလုံးအတိုင်း အတာ အနေနဲ့ ဧက  (၁) သောင်းကျော် လျော့နည်းခဲ့တာ ဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ကြံတာဝန်ခံ ဒေါ်မိုးမှီတင်က ပြောပါတယ်။

ဒီနှစ်စိုက်ရာသီမှာ ကြံစိုက်ဧက (၁၇၀၀၀၀) စိုက်ပျိုးနိုင်ဖို့ လျာထားခဲ့ပေမယ့် လက်ရှိမှာ ချက်ကြံ (၁၅၄၂ ၉၄) ဧက၊ စားကြံရင့် (၂၀၃) ဧက စုစုပေါင်း (၁၅၄၄၉၇) ဧကသာ စိုက်ပျိုးနိုင်ခဲ့တာဖြစ်ပြီး တစ်တိုင်းလုံးအတိုင်းအတာ အနေနဲ့ (၁၅၅၀၃) ဧက လျော့နည်းခဲ့တာပါ။ ကြံစိုက်ပျိုးရာမှာ ကုန်ကျစရိတ်အနေနဲ့ တစ်ဧကကို ငွေကျပ် ၆ သိန်းကနေ ၇ သိန်းဝန်းကျင်ထိ ကုန်ကျမှုရှိပါတယ်။ တိုင်းအတွင်း ထွက်ရှိတဲ့ ကြံတွေကို ထီးချိုင်‌မြို့နယ်၊ မောင်းကုန်းသကြားစက်နှင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်တွေက ဝယ်ယူနေသလို တောင်သူတွေကိုယ်တိုင် ကြံကြိတ်ကာ သကာအဖြစ် မန္တ‌ လေးတိုင်းဒေသကြီးနှင့် တရုတ်နိုင်ငံတို့ကို တင်ပို့ရောင်းချတာတွေလည်း ရှိသည်။

ဩဂုတ်လပိုင်းက မကွေးတိုင်းဒေသကြီးအပါအဝင် တခြားကြံစိုက်ပျိုးတဲ့ ဒေသတွေမှာ ကြံရွက်ဖြူရောဂါ ကျရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကျရောက်တာ မရှိသေးဘူးလို့လည်း သိရပါတယ်။

“စစ်ကိုင်းတိုင်းမှာ ကြံရွက်ဖြုရောဂါကျရောက်တာ မ‌တွေ့သေးပါဘူး။ ကျွန်မတို့စစ်ကိုင်းတိုင်းက မိုးလည်း နောက်ကျတယ်။ မိုးလည်းနည်းတဲ့အတွက် ရေငတ်သလိုမျိုး ကြံရွက်ဖြူရောဂါမဟုတ်တဲ့ အဖြူ၊ အပြော က်ပြောက်တွေဖြစ်တဲ့ ကြံပင်တွေရှိတယ်။ ဒါပေမဲ့ ဒါတွေက စစ်ကိုင်းတိုင်းအတွက် ပြဿနာမရှိပါဘူး။ မိုးဖြိုင်ဖြိုင်ကျတာနဲ့ အဲဒါကသူ့ဘာသာသူ ပျောက်သွားမှာပါ။ ကြံဆိုတဲ့သီးနှံက အကြမ်းလည်းခံပါတယ်။ တကယ်လို့ တွေ့ခဲ့မယ်ဆိုရင်လည်း ကြံသုသေသနကို ရောဂါ‌ကျရောက်နေတဲ့ ကြံတွေပေးပို့ပြီးတော့ ရောဂါစစ်မစစ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။”လို့လည်း တိုင်းကြံတာဝန်ခံ ဒေါ်မိုးမှီတင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကြံကို ဒေသမျိုး Co-775၊ F-8371 စတဲ့မျိုးတွေကို အဓိကထားစိုက်ပျိုးကြပြီး အထွက်ကောင်းမျိုးဖြစ်တဲ့ နေပြည်တော်-၁၊ နဝဒေး-၄၊ Dar-4၊ ဆင်းရွှေလီမျိုးတွေကိုလည်း စိုက်ပျိုးကာ မိုးစိုက်နှင့် ရေတင်စိုက်တွေကို ဦးစားပေးစိုက်ပျိုးနေတယ်လို့လည်း သိရသည်။ အခုနှစ်အစောပိုင်းကလည်း နိုင်ငံခြားက တင်သွင်းတဲ့ သကြားတွေကြောင့် သကြားဈေးကွက်ကျဆင်းခဲ့တဲ့အတွက် ကြံစိုက်တောင်သူတွေမှာ ကြံဈေးကျပြီး နစ်နာမှုတွေလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒီအတွက် တိုင်းလွှတ်တော်မှာလည်း ကြံတောင်သူတွေအတွက် အစိုးရအနေနဲ့ ကူညီပေးနိုင်ဖို့ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းတာ ရှိခဲ့ပါတယ်။ တိုင်းအတွင်း ကြံတွေကို ရွှေဘိုခရိုင်၊ ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တွေမှာ အများဆုံးစိုက်ပျိုးကြပြီး ကျန်ဒေသတွေမှာတော့ ကြံရည်အတွက်သာ အနည်းငယ်စိုက်ပျိုးကြပါတယ်။

အေပီတီ (မျက်မှောက်ခေတ်)

error: Content is protected !!