Home > သတင်း > စစ်ရေး > ယင်းမာပင်မြို့အနီး စစ်ကော်မရှင်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးလာ၊ အရပ်သားတွေ ထပ်မံထွက်ပြေးနေရ

ယင်းမာပင်မြို့အနီး စစ်ကော်မရှင်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးလာ၊ အရပ်သားတွေ ထပ်မံထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးကို မတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ စစ်ကော်မရှင်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးလာတာကြောင့်အရပ်သားတွေ ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ​ယင်းမာပင်မြို့အတွင်းကို ထပ်မံဝင်ရောက်သွားပြီးနောက် မတ်လ ၂၀ ရက်​နေ့ ညနေ ၆ နာရီလောက်မှာ ထပ်မံစစ်ကြောင်းထိုးလာတယ်လို့ဆိုပါ။

“မနက်က အစောကြီးပဲ မြို့ထဲပြန်ဝင်သွားတာ။ အခုညနေမှာ အင်အားထပ်ဖြည့်ပြီး ပြန်ထိုးလာတယ် ။ မနေ့က နှစ်ဖက်ထိတွေ့မှုရှိတယ်။ ဒေသခံတွေကတော့ ထ​​ပ်ပြီး ထွက်ပြေးနေရတယ်” လို့ ယင်းမာပင်မြို့အနီးက ဒေသခံတဦးက ပြောပါတယ်။

မတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ ယင်းမာပင်မြို့နယ် ပြောင်းပြာရွာနဲ့လက်လှုပ်ရွာကြားမှာ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ်နဲ့ယင်းမာပင်မြို့နယ်တွေကို လေကြောင်းပစ်ကူပေးပြီး အင်အားရာချီအသုံးပြုကာ စစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ယင်းမာပင်မြို့နယ်အတွင်းက ရွာပေါင်း ၈ ရွာမှာနေထိုင်ကြတဲ့ ဒေသခံအရပ်သား​တထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံအညွှန်း -ယင်းမာပင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တဲကို တွေ့ရစဉ်။

error: Content is protected !!