Home > သတင်း > ဒေသတွင်းသတင်း > ကနီမြို့နယ် ဆူးလေးကုန်းရွာကို စစ်ကော်မရှင်တပ်က JF ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်

ကနီမြို့နယ် ဆူးလေးကုန်းရွာကို စစ်ကော်မရှင်တပ်က JF ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဆူးလေးကုန်းရွာကို စစ်ကော်မရှင်တပ်က JF ဖိုက်တာနဲ့ မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်၊ သေဆုံးသူမှု အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဗုံးကြဲလေယာဉ်အစုံနဲ့ လာကြဲသွားတာ ။ ထိခိုက်သေဆုံးမှုက များတယ်။ အရေအတွက်မသိရသေးဘူး။ အဆောက်အဉီးတွေ မီးလောင်ပျက်စီးတာလည်းရှိတယ်”လို့ ကနီမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ကနီနယ် တနေရာသို့ တံတားဦးတက် ဂျက်ဖိုက်တာ ၄ စီး ၊ မိတ္ထီလာရှမ်းတဲတက် ဂျက်ဖိုက်တာ ၂ စီး ၊ မကွေးလေတပ် (ကလခ) တက် ဂျက်ဖိုက်တာ၂စီး စုစုပေါင်း ၈ စီးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း တိုက်ခိုက်တာခံခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာကြောင့်အရပ်သား ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာနေတာပါ။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို စစ်ကော်မရှင်တပ်က မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
Photo – လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ဆူးလေကုန်းရွာမြင်ကွင်း။

error: Content is protected !!