Home > သတင်း > တရားဉပဒေစိုးမိုးရေး > မြောင်နယ်က သောင်ကြီးရွာလေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၆ ဦးထက်မနည်း သေဆုံး

မြောင်နယ်က သောင်ကြီးရွာလေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၆ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးရွာကို စစ်ကော်မရှင်တပ်က မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဉီးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြေပြင်တိုက်ပွဲမရှိဘူး။ လေကြောင်းတိုက်ခိုက်မှုကြောင့် လောလောဆယ်အတည်ပြုလို့ရတာကတော့ ရွာခံခြောက်ဦး သေဆုံးတယ်။ အလောင်းတွေကတော့ ဆက်ပြီးရှာဖွေနေဆဲပဲ” လို့ မြောင်မြို့နယ်ဒေသခံတဦးက ပြောပါတယ်။

လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးတဲ့အပြင် ကျွဲ ၊ နွား ၊ ဝက်စတဲ့တိရစ္ဆာန်တွေလည်း သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်က အခုရက်ပိုင်းမှာ ယင်းမာပင် ၊ ပင်လည်ဘူး ၊ ကနီ ၊ ပုလဲ ၊ မြောင် ၊ ကျွန်းလှ ၊ အရာတော် စတဲ့မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာဖြစ်‌တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုံအညွှန်း – မြောင်မြို့နယ် သောင်ကြီးရွာလေကြောင်းတိုက်ခိုက်ခံရပြီး မီးလောင်နေမှုမြင်ကွင်း။( Photo အမေ့သား – Air Information )

error: Content is protected !!