Home > သတင်း > ဒေသတွင်းသတင်း (Page 30)

တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေပါ သယ်ဆောင်လာလို့ ရေယာဥ်တစ်စီးကို ရေကြောင်းရဲဖမ်းဆီး

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်တစ်စီးပေါ်ကနေ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေ တင်ဆောင်လာတာကို ရေကြောင်းရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီး ရမိခဲ့ပါတယ်။ စိန်ဝေလျှံ အမည်တပ်ဆင်ထားတဲ့ သံခွန်အမျိုးအစား ရေယာဥ်တစ်စီးဟာ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ နုံးကျေးရွာဆိပ်ကမ်းမှာ ရပ်နားဆိုက်ကပ်ထားတဲ့အချိန်မှာ ရေကြောင်းရဲတပ်ဖွဲ့က...
Read More

မုံရွာနှင့် တန့်ဆည်တွင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၅ ဦး ထပ်တိုးခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထပ်တိုးလူနာတွေက တန့်ဆည်မြို့နယ်မှာ ပိုးတွေ့လူနာ ၄ ဦးနှင့် မုံရွာမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။ ပိုးတွေ့လူနာအားလုံးက...
Read More

ကိုဗစ်စည်းကမ်းချက်တွေကြောင့် သွားလာရေးခက်ခဲပြီး လယ်ယာထွက်သီးနှံရောင်း၀ယ်မှု ရပ်တန့်နေ

ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာများလာပြီး တိုင်းနှင့် ပြည်နယ်တွေမှာ ၀င်ထွက်သွားလာခွင့် စည်းကမ်းတင်းကြပ်လာတဲ့အတွက် လယ်ယာထွက်သီးနှံ ရောင်း၀ယ်မှု ရပ်တန့်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာရှိတဲ့ ကုန်သည်၊ ပွဲစားတွေက ပြောပါတယ်။ မြန်မာနိုင်ငံက လယ်ယာထွက်သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ ဆီထွက်သီးနှံတွေကို တစ်ဖက်နိုင်ငံတွေက ၀ယ်လိုအားရှိနေပေမယ့် ပြည်တွင်းသွားလာမှု...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈ ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြူလူနာတွေ့ရှိမှုက ၂၄ နာရီအတွင်း စုစုပေါင်း ၂၈ ဦးရှိတယ်လို့ တိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့လူနာတွေက အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းမှာ ၁၃ ဦးနှင့်...
Read More

တမူးမြို့တွင် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ အောက်တိုဘာလအကုန်အထိ ဆက်လက်ပိတ်၊ ဒေသတွင်း စီးပွားရေးထိခိုက်နစ်နာမှုတွေ ကြုံတွေ့နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ကိုဗစ်ကပ်ရောဂါအနေအထားကြောင့် မြန်မာအစိုးရဘက်က အောက်တိုဘာလအကုန်အထိ ဆက်လက်ပိတ်လိုက်ထားတယ်လို့ တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ ဧပြီလ ၁၄ ရက်နေ့ကစတင်ကာ စက်တင်ဘာလအကုန်အထိ ပိတ်ထားခဲ့တာဖြစ်ပြီး...
Read More

ခိုင်ကမ်းဆင်စခန်းမှ ဆင်များအတွက် ဆင်စာဘူဖေး အလှုရှင်လိုအပ်နေ

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းဆင်စခန်းကို ပိတ်ထားပြီး ခရီးသွားဧည့်သည် လာရောက်လည်ပတ်တာလည်း မရှိပါဘူး။ ဒီအတွက် ဆင်တွေကို အစာကျွေးသူတွေလိုအပ်နေတာကြောင့် ဆင်စာဘူဖေး အလှုရှင်လိုအပ်နေပြီး စေတနာရှင်တွေအနေနဲ့ လာရောက်လှူဒါန်းနိုင်တယ်လို့ ချင်းပြည်နယ်သစ်ထုတ်လုပ်ရေး ခိုင်ကမ်းဆင်စခန်း တာဝန်ခံ သစ်အုပ်ကြီး ဦးတိုးချစ်မှူးပိုင်က...
Read More

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုနည်းပါးလို့ အရင်နှစ်ကထက် ကြံစိုက်ဧက (၁) သောင်းကျော်လျော့နည်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးရွာသွန်းနည်းပါးခဲ့တာကြောင့် ဒီနှစ်မှာ အရင်နှစ်ကထက် ကြံစိုက်ဧက တစ်သောင်းကျော် လျော့နည်းခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။ အခုနှစ်အတွင်း ကြံစိုက်ဧက ၁၇၀၀၀၀ စိုက်ပျိုးဖို့ လျာထားခဲ့ပေမယ့် မိုးခေါင်တဲ့အတွက် ဧက ၁၅၀၀၀၀ ကျော်သာ စိုက်ပျိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ “ကြံစိုက်ဧကလျော့နည်းတာက ပြီးခဲ့တဲ့...
Read More

စစ်ကိုင်းတိုင်းတွင် ပြည်ပကြိုတင်မဲ လျှောက်ထားသူ (၅၇၀၀) ကျော်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေ အစိုးရခွင့်ပြုချက်နဲ့ နိုင်ငံအသီးသီးကို ရောက်ရှိနေကြသူတွေထဲက ၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပကြိုတင်မဲလျှောက်လာသူဦးရေ (၅၇၀၀) ကျော် ရှိတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးအောင်မျိုးလွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ပါတီစုံ...
Read More

မင်းတပ်မြိုနယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးထပ်တိုး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလူနာသစ် ၁၆ ဦးထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ မင်းတပ်မြို့မှာ အစောပိုင်းက ရန်ကုန်ပြန် Positive လူနာ ၃ ဦးနှင့်...
Read More
error: Content is protected !!