Home > သတင်း > ဒေသတွင်းသတင်း (Page 25)

တာဝန်ပေါ့လျော့မှုများတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးကို အရေးယူပေးရန် တိုင်းအစိုးရက ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလွင်ကို ညှိနှိုင်းပေါင်းစပ်မှုအားနည်းတာ၊ တာဝန်ပေါ့လျော့တာ စတာတွေအတွက် လိုအပ်သလို အရေးယူပေးဖို့ ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထားတယ်လို့ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြန်လည်ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၅...
Read More

ကလေးတွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၄ ဦးရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ကိုဗစ်ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူက အသက် (၆၇) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကလေးမြို့ အောင်ဇေယျရပ်ကွက် နေထိုင်သူဖြစ်ပါတယ်။ “ဒီနေ့ မနက် ၁၀ နာရီလောက်က...
Read More

ထန်တလန်-ဟားခါးကားလမ်းတွင် မှန်လုံကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်၊ ထန်တလန်-ဟားခါးကားလမ်း၊ မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်က မှန်လုံကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထန်တလန်မြို့နေ ယာဉ်မောင်း ရုန်ကျဲအိုထန် (အသက် ၂၂ နှစ်) မောင်းနှင်ပြီး...
Read More

မြောင်မြို့နယ်က မတ်ပဲစိုက်ခင်းဧက ၉၀၀ ကျော်မှာ ပိုးမွှားရောဂါကျရောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ မတ်ပဲစိုက်ဧက ၉၅၀ ကျော်မှာ ယင်ဖြူကောင်ကျရောက်ပြီး Yellow Mosaic Virus ရောဂါဖြစ်နေပါတယ်။ အဲဒီအတွက် မတ်ပဲပင်တွေမှာ အပင်အရွက်ဝါပြီး ထိခိုက်မှုတွေ ရှိနေတာပါ။ ဒီအခြေအနေတွေကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးတာတွေ...
Read More

ကိုဗစ်ကပ်ရောဂါကြောင့် အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို အစိုးရရဲ့ခွင့်ပြုချက်ရမှာသာ ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို နှစ်စဉ် ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလတွေမှာ ဖွင့်လှစ်ပေးနေကြ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ဘုရားဖူးလမ်းကို အစိုးရက ခွင့်ပြုချက်ရမှသာ ဖွင့်လှစ်မယ်လို့ အလောင်းတော်ကဿပ ဂေါပကအဖွဲ့ထံက သိရပါတယ်။ အလောင်းတော်ကဿပ ဘုရားဖူးရာသီကာလကို နှစ်စဉ်...
Read More

ဒီပဲယင်းမြို့တွင် Fever Clinic ဆေးခန်း စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကစပြီး Fever Clinic ဆေးခန်းကို စတင်ဖွင့်လှစ်ပေးထားပါတယ်။ အဲဒီ Fever Clinic ဆေးခန်းကို ဒီပဲယင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး ဖွင့်လှစ်ပေးထားခြင်းဖြစ်ကာ ဒီပဲယင်းမြို့ တောင်ပြင်ရပ်ကွက် အထကကျောင်းဝန်းအတွင်းမှာ...
Read More

စစ်ကိုင်းတိုင်းလွှတ်တော်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေအပါအဝင် သတင်းထောက်တွေကို ကိုဗစ်ပိုး စစ်ဆေး

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ နောက်ဆုံးအစည်းအဝေးအဖြစ် ၂၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်ကြမယ့် လွှတ်တော်ရုံးဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းရယူကြမယ့် သတင်းမီဒီယာတွေကို တိုင်းလွှတ်တော်နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းကာ ဒီဇင်ဘာလ ၇ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၁...
Read More

စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃ မြို့နယ်ကို Stay at home သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ကပ်ရောဂါပိုး ကူးစက်မှုများလာတဲ့ မြို့နယ် ၃ မြို့နယ်ကို Stay at home သတ်မှတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ Stay at home ကာလကို ဒီဇင်ဘာလ...
Read More

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း အောက်မေ့ဖွယ်ပွဲအတွက် မြို့နယ်စီခန့်က ခွင့်မပြု

မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာ ဒီဇင်ဘာလ ၁၃ ရက်နေ့ဆိုရင် ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ယနေ့အထိလည်း တရားခံဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးသတင်းသမားများကွန်ရက် (Sagaing Region Journalist Network – SRJN) ကနေ...
Read More
error: Content is protected !!