Home > သတင်း > ကျန်းမာရေး > ကလေးတွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၄ ဦးရှိလာ

ကလေးတွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၄ ဦးရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ကိုဗစ်ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူက အသက် (၆၇) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကလေးမြို့ အောင်ဇေယျရပ်ကွက် နေထိုင်သူဖြစ်ပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီလောက်က လူနာက အသက်ရှုကြပ်လို့ ကိုဗစ်ရောဂါလက္ခဏာလို ခံစားရတယ်ဆိုလို့ ကလေးမြို့ပြည်သူ့ဆေးရုံကို လာပြတာ။ လာပြပြီး နောက်နှစ်နာရီလောက်မှာ သေဆုံးသွားတာ။ အဲဒီသေဆုံးသူမှာ ဆီးချို သွေးချို အခံရှိတယ်။ သေဆုံးသူကို Swab ယူစစ်တော့ ပိုးတွေ့တယ်။ သူ့ဆီက ရောဂါအခံနဲ့ ကိုဗစ်ပိုးနဲ့တွေ့တာရောဆိုတော့ သေဆုံးသွားတဲ့သဘောပါ။”လို့ လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။

အဲဒီသေဆုံးအလောင်းကို ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းသုသာန်မှာ ချက်ချင်း မီးသဂြိုလ်ခဲ့တယ်လို့လည်း သိရပါတယ်။ ကလေးမြို့နယ်မှာ ဒီနေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိပြီလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ပိုးတွေ့မြို့နယ် ၃၁ မြို့နယ်ထဲက မြို့နယ် ၅ မြို့နယ်မှာ ကိုဗစ်ပိုးတွေ့လူနာသေဆုံးသူ ၁၀ ဦးအထိရှိပြီး ကလေးမြို့မှာ ၄ ဦး၊ ရွှေဘို ၂ ဦး၊ မုံရွာ ၁ ဦး၊ စစ်ကိုင်း ၂ ဦးနှင့် ကန့်ဘလူ ၁ ဦးတို့ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၁ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၁၆၄ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၈၄၇ ဦးရှိကာ ဆေးကုသခံယူနေသူ ၃၁၃ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပိုတေး

error: Content is protected !!