Home > သတင်း > တရားဉပဒေစိုးမိုးရေး (Page 4)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးမှုအတွက် တောင်သူများ တောင်းဆိုတဲ့လျော်ကြေး ရရှိဖို့ နီးစပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ-ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီတို့ပူးပေါင်းကာ နိုင်ငံတော်စီမံကိန်းအဖြစ် ကြေးနီထုတ်ယူနေတာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတောင်သူတွေရဲ့ မြေယာတွေလည်း အမြောက်အများသိမ်းယူခံခဲ့ရသော ကျေးရွာနေအိမ်တချို့လည်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ သို့သော်လည်း ဝက်မှေး၊ ဆည်တည်း စတဲ့ကျေးရွာတွေကတော့ ပြောင်းရွှေ့ခြင်းမရှိသေးသလို မိုးကြိုးပြင်အပါအဝင် ဆည်တည်း၊...
Read More

တစ်လင်တစ်မယားနဲ့ အမှုရင်ဆိုင်နေရတဲ့ Covid ပိုးတွေ့အချုပ်သား ဆေးရုံက ထွက်ပြေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတဲ့ ကိုဗစ်ပိုးတွေ့ အချုပ်သားတစ်ဦး ဇန်နဝါရီလ ၁၈ ရက်နေ့ ဒီကနေ့ မနက် ၃ နာရီအချိန်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီထွက်ပြေးသွားတဲ့ ပိုးတွေ့အချုပ်သားက တစ်လင်တစ်မယားနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရကာ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။ “သူက ပိုးတွေ့တာ...
Read More

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အိမ်ထောင်စုဇယားလိုအပ်လို့ မြို့နယ်လဝကရုံးကို လာရောက်ပြုလုပ်နေသူတွေ များပြားနေ

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို မကြာခင်ကာလအတွင်း တစ်နိုင်ငံလုံးမှာ အသစ်ပြန်လည် ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မုံရွာအပါအဝင် တချို့မြို့နယ်တွေမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အဓိကလိုအပ်နေတဲ့ ကြီးကြပ်ရေးအဖွဲ့ ရပ်မိရပ်ဖ ၅ ဦးကို ကြိုတင်ရွေးချယ်တာတွေလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ရာမှာ လိုအပ်တဲ့ အိမ်ထောင်စုဇယားတွေကို အခုရက်ပိုင်းအတွင်း...
Read More

မြိုင်မြို့နယ်တွင် လျှပ်စစ်မီးသွယ်တန်းရာလမ်းကြောင်း ပြောင်းလဲပေးရေး ရွာသားတချို့ဆန္ဒပြ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညင်းကျေးရွာ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရာမှာ မူလသတ်မှတ်ထားတဲ့ ဖွံ့ဖြိုးရေး လမ်းမကြီးအတိုင်းမဟုတ်ပဲ တောလမ်းကနေ ပြောင်းလဲသွယ်တန်းမှုကို ရွာသားတချို့က ဇန်နဝါရီလ ၁၄ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မုံညင်းကျေးရွာ ဓာတ်အားလိုင်းသွယ်တန်းတာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက လိမ်လည်ပြောဆိုထားမှုတွေရှိနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံတော်အဆင့်က လာရောက်ဖြေရှင်းပေးမှသာ...
Read More

ရိဒ်ခေါဒါရ်တိုက်နယ်ဆေးရုံမှ တာဝန်ခံ ဆရာဝန်အပါအဝင် ၃ ဦးမှာ ကိုဗစ်ပိုးတွေ့လို့ ဆေးရုံတက်လူနာ ခေတ္တဆိုင်းငံ့

ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် တိုက်နယ်ဆေးရုံက တာဝန်ခံ ဆရာဝန်တစ်ဦးအပါအဝင် ၃ ဦးထံကနေ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ဆေးရုံကို ခဏရပ်နားထားမှာဖြစ်ကာ ဆေးရုံတက်လူနာတွေကို ခေတ္တ ဆိုင်းငံ့ထားပါတယ်။ “ပထမဆုံးအမျိုးသားတစ်ယောက်က အမှတ် ၂ ရက်ကွက်နေတယ်။...
Read More

မံစီမြို့နယ်တွင် ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁) ဗန်းမော်မှ ရဲအုပ်ခါးလီဦးဆောင်ကာ သက်သေတွေနဲ့အတူ ပူးပေါင်းအဖွဲ့ဝင်တွေက ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဟန်ထက်ကျေးရွာနှင့် မန်ရကျေးရွာသွား ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးထံကနေ ဖမ်းဆီးရမိခဲ့တယ်လို့...
Read More

တီးတိန်မြို့ကို Stay at home သတ်မှတ်ရန် ပြင်ဆင်နေ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့မှာ ကိုဗစ်ကူးစက်မှု များလာတဲ့အတွက် Stay at home သတ်မှတ်ဖို့ရာအတွက် ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားကော်မတီကို ဇန်နဝါရီလ ၁၁ ရက်နေ့က တင်ပြထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူကပြောပါတယ်။ တီးတိန်မြို့မှာ ဒေသတွင်းပိုးကူးစက်မှုက...
Read More

ကိုဗစ်ကြောင့် ပိတ်ထားတဲ့ အလောင်းတော်ကဿပလမ်းမှာ ဘုရားဖူးကားမှောက်ပြီး လူတစ်ဦးသေဆုံး၊ ၁၆ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကနေ ဘုရားဖူးပြန်လာတဲ့ ကားတစ်စီး ဒီကနေ့ ဇန်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက ကပိုင်ကျေးရွာအနောက်ဖက် ၇ မိုင်ခန့်အကွာမှာ တိမ်းမှောက်မှုဖြစ်ခဲ့လို့ လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူတစ်ဉီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဌာနဆိုင်ရာရဲ့ သတင်းတွေအရ...
Read More

မုံရွာ မြေယာအငြင်းပွားမှုမှာ ထိခိုက်ဒဏ်ရာရသူတွေထဲက နောက်တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၂ ဦးရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဓိကရုန်းကြောင့် လူ ၅ ဦးထိခိုက်ဒဏ်ရာရကာ အဲဒီထဲက သေဆုံးသူ...
Read More
error: Content is protected !!