ပေါ်တာဆွဲခံရမှုနဲ့ ဆုံးရှုံးမှုကြားက မုံရွာဒေသခံတို့ရဲ့ ရှင်သန်ရေး စာမျက်နှာ
မအိ(NWN) မုံရွာမြို့ဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိပြီး ရွှေစည်းခုံစေတီတော်၊ဆုတောင်းပြည့်ဗောဓိတထောင် ဘုရားကြီးတို့က မြို့ရဲ့ဂုဏ်ကျက်သရေကို ပိုမိုထည်ဝါစေခဲ့ပါတယ်။ ချင်းတွင်းမြစ်ရေပြင်နဲ့ ရှုခင်းတွေက မုံရွာမြို့ကို ဝန်းရံပုံဖော်ပေးထားကြတာပါ။ အာဏာသိမ်းပြီးနောက် မုံရွာမြို့ဟာ စစ်အာဏာရှင်ကို အပြင်းထန်ဆုံး ဆန့်ကျင်တဲ့ ဗဟိုချက်မတခု ဖြစ်လာခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ လက်နက်ကိုင်တော်လှန်ရေးအထိ အရှိန်အဟုန်မြှင့်... Read More
ယောဒေသ၊ ဆောမြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ကလေး ၁ ဦး အပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရ
းတိုက်ခိုက်မှုကြောင့် အသက်ကိုးနှစ်အရွယ် ကလေးအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရသူတွေထဲက ၄ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ကနဦးသိရပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို ဆေးကုသမှုပြုလုပ်ပေးနိုင်ကြောင်းသာ ကနဦးသိရှိရပြီး သေဆုံးထိခိုက်သူတွေရဲ့ အခြေအနေကို မျက်မှောက်ခေတ်က မေးမြန်းနေဆဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်... Read More
စစ်တပ်က ဗုံးကြဲလို့ ချင်းတောင်ပိုင်းက စစ်ရှောင် ကလေး ၁ ဦး၊ အမျိုးသမီး ၃ နှင့် အမျိုးသား ၃ ဦး သေဆုံး
ချင်းပြည်တောင်ပိုင်းမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ကလေး ၁ ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊... Read More
ကလေးမြို့နယ်လူထုရဲ့ နှင်းဆီလှုပ်ရှားမှု
စစ်ကိုင်းတိုင်း၊ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူလူထုခေါင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးမြို့သပိတ်ကော်မတီနဲ့ ကလေးလူထုဟာ ဇွန် ၁၈ ရက်နေ့ကလည်း အမေစု မွေးနေ့အကြို... Read More
ဆောနယ်မှာ သက်ငယ်မဒိန်းမှု၊ လူသတ်အလောင်းဖျောက်မှုတွေနဲ့သေဒဏ်ချခံထားရသူ ချုပ်နှောင်ထားရာက ထွက်ပြေး
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်မှုတွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မင်းမင်းစိုးဆိုသူဟာ ထိန်းသိမ်းခံထားရတဲ့နေရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပြေးသွားပြီး လက်ရှိအချိန်ထိ လွတ်မြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ယောဒေသတောင်ပိုင်း ဆောကို စစ်တပ်က စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေဖြစ်နေတယ်။ ဒေသခံတွေ... Read More
အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ ၊ ကျေးရွာတွေ စစ်ဘေးရှောင်နေကြရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ တမူးမြို့နယ်ထဲက အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမ ဖြစ်တဲ့ကလေး – တမူး လမ်းမ ပေါ်မှာ အာဏာသိမ်း စစ်တပ်က အကြမ်းဖက် နိုင်နင်းရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးပြီး မီးရှို့ ဖက်ဆီးမှုတွေလည်းပြုလုပ်ခဲ့တာကြောင့် ကလေးမြို့နယ်... Read More
ဆောမြို့နယ်က ဒေသခံတွေရဲ့ ပစ္စည်းတွေနဲ့ ရိက္ခာတွေကို စစ်တပ်က အဓမ္မယူဆောင်
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကနေ အဖိုးတန်ပစ္စည်းတွေနှင့် ဆန်တင်းပေါင်းရာချီပါဝင်တဲ့ စားနပ်ရိက္ခာတွေကို အတင်းအဓမ္မယူဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။ “ရွာတွေကိုဝင် အိမ်တွေကို မွေနှောက်၊ လိုချင်တဲ့ပစ္စည်းတွေကို ယူတာ။ ကားတွေနဲ့ပတ်ပြီး တိုက်ယူတာ” လို့ ယောဒေသခံ အမျိုးသားတစ်ဦးက... Read More
သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီး၍ မရနိုင်ကြောင်းနှင့် မျက်မှောက်ခေတ် (Nowadays News)၏ သဘောထားထုတ်ပြန်ချက်
အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်ချိရေးယန္တရားဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်စွဲဖြင့် မျက်မှောက်ခေတ် (Nowadays News)အပါအဝင် သတင်းဌာနအချို့အား သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များ ရုပ်သိမ်းပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မျက်မှောက်ခေတ်သတင်းဌာနက အောက်ပါအတိုင်း တန်ပြန်ထုတ်ပြန်အပ်ပါသည်။... Read More
သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ဖို့ ကလေးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ထုတ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ကလေးမြို့နယ်က ဧပြီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လူစုလူဝေးပြုလုပ်တဲ့ နေရာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နိုင်တာကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုမရှိစေဖို့ သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ကြဖို့... Read More









