Home > သတင်း > တရားဉပဒေစိုးမိုးရေး > စစ်ကိုင်းတိုင်းက မြို့နယ် ၂ခုမှာလေကြောင်းတိုက်ခိုက်ခံရလို့ လူထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းက မြို့နယ် ၂ခုမှာလေကြောင်းတိုက်ခိုက်ခံရလို့ လူထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ စစ်​ကော်မရှင်တပ်က ဖေဖော်ဝါရီလ ၄ ရက်​နေ့နဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွေမှာလေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်​ကော်မရှင်တပ်ဟာ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အဆောက်အဉီးတွေ ထိခိုက်ပျက်စီးခဲ့ရသလို အရပ်သားအချိို့ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။

တန့်ဆည်မြို့နယ် သစ္စေကုန်းရွာဘုန်းတော်ကြီးကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ပျောက်ဆုံးနေကြတဲ့ အရပ်သားအချို့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို လေကြောင်းတိုက်ခိုက်တာတွေအပြင် မြေပြင်မှာ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကိုင်းတိုင်းထဲက မြို့နယ်တခုမှာလေကြောင်းတိုက်ခံရတဲ့‌နေရာ။(ဓာတ်ပုံ – Indaw Revolution -IR)

error: Content is protected !!