Home > သတင်း > တရားဉပဒေစိုးမိုးရေး (Page 13)

မြင်းမူမြို့တွင် NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ မြင်းမူမြို့မရဲစခန်းရဲ့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ NLD ပါတီကို ဝန်းရံထောက်ခံသူအင်အား ၂၀၀ ဝန်းကျင်က  ပါတီအကျီတွေ...
Read More

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမဲ့ပြုကျင့်တာတွေမှန်သမျှ ထိရောက်စွာအရေးယူကြဖို့ သမ္မတရုံးအမိန့်ထုတ်ပြန်

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂၇/၂၀၂၀ နဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ရေးအတွက် အပိုဒ် ၄ ပိုဒ်ပါ အမိန့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်စာအရ အစိုးရအနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သန္နိဌာန်ချထားပြီးဖြစ်လို့ လွတ်လပ်ပြီး...
Read More

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေငြာ

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို အောက်တိုဘာလ ၁၆ ရက်နေ့က ကြေငြာချက်အမှတ် ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇ တို့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကြေငြာချက်မှာ ပါဝင်တဲ့နေရာတွေက...
Read More

ခင်ဦးမြို့နယ်တွင် ကြက်သားပေါက် အပူပေးရာမှ မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွာစဉ်နယ်မြေ မီးသတ်စခန်းနဲ့ ၁ မိုင်ခွဲခန့်အကွာရှိ ကြက်ခြံတစ်ခုတွင် ကြက်သားပေါက်အပူပေးရာကနေ မီးလောင်မှုတစ်ခု အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ဦးသောင်းငွေပိုင်ဆိုင်တဲ့ ကြက်ခြံမှာ Gas မီးဖိုနဲ့ ကြက်သားပေါက်တွေကို အပူပေးရာကနေ ဘေးကာကပ်ကို မီးကူးပြီး...
Read More

မင်းကင်းတွင် ရွေးကောက်ပွဲကာလ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှု ၁၂ မှုရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့် အရေးယူမှု ၁၂ မှုထိ ရှိနေတယ်လို့ မြို့နယ်စီ/ခန့်က သိရပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရကို အများပြည်သူ အယုံအကြည်ပျက်စေအောင်ရည်ရွယ်ချက်နဲ့ အသံချဲ့စက်၊ ဆောင်းဘောက် စတာတွေအသုံးပြုပြီး ဟောပြောတာတွေ လုပ်ခဲ့တာကြောင့် သက်ဆိုင်ရာအစိုးရရဲ့...
Read More

ယင်းမာပင်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပြင်ထွက်စျေးဝယ်မှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ညခိုးထွက်ကာ အပြင်ထွက်စျေးဝယ်မှု အောက်တိုဘာလ ၁၃ ရက်နေ့ ညဦးပိုင်းက ဖြစ်ခဲ့ပါတယ်။ အခုလို အပြင်ခိုးထွက်ဈေးထွက်ဝယ်တာကို ထွေအုပ်ဝန်ထမ်းတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး စစ်ဆေးရာက ပေါ်ပေါက်ခဲ့တာပါ။ ဆေးကုသမှုခံယူနေသူ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်က ရန်ကုန်တိုင်းကနေ...
Read More

ရေဦးမြို့နယ်အတွင်း အထူးရဲသင်တန်းသား ၉၀ ကို ကိုဗစ်ရောဂါပိုးရှိ/မရှိ swab ယူစစ်ဆေး

ရေဦးမြို့နယ်အတွင်း ရွေးကောက်ပွဲမှာတာဝန်ထမ်းဆောင်မဲ့ အထူးရဲတွေကို အောက်တိုဘာလ (၁) နေ့ကစတင်ပြီး ရေဦးမြို့ အ.ထ.က (၂) ကျောင်းခန်းမမှာ သင်တန်းပို့ချပေးနေတာဖြစ်ပါတယ်။ ဒီသင်တန်းကို အောက်တိုဘာလ (၂၈) ရက်နေ့အထိ ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသား (၉၀) ကိုတပ်စု (၃) စုခွဲကာ သင်တန်းပို့ချပေးနေတာပါ။...
Read More

စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ လှည့်လည်စဉ် မိသားစုတစ်စုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနဲ့ မြို့တွင်း လှည့်လည်နေစဉ်မှာ ဆွမ်းချက်ရက်ကွက်အရောက်မှာ မိသားစုတစ်စုက ယာဉ်တန်းကို ဆန့်ကျင် ဆန္ဒပြမှု အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “သားတို့ ကိုဗစ်ကိုကြောက်လို့ မဲဆွယ်တာတွေ...
Read More

NLD မဲဆွယ်ယာဉ်ပေါ်က မီးစက်မီးလောင်ပြီး လူ ၁၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့က NLD ပါတီဝန်းရံသူတွေ တင်ဆောင်လာတဲ့ ကားတစ်စီးမှာ ကားပေါ်ပါ မီးစက် မီးလောင်ပြီး လူ ၁၅ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထန်းကုန်းနယ်မြေ ရဲစခန်း သတင်းတွေအရ သိရပါတယ်။...
Read More
error: Content is protected !!