မုံရွာနယ်က အရပ်ဖက် ယာယီဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အရှေ့တောင်ခြမ်းညောင်ပင်သာကျေးရွာအနီးက အရပ်ဖက်ယာယီဆေးရုံကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၂ရက် ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ် ၅စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ ဒေသတွင်းမှာရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေ နဲ့လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေး အခက်အခဲတွေကြောင့် မုံရွာမြို့ပေါ်ကို ဆေးကုသမှုသွားဖို့... Read More
စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်က ကလေးငယ် ၁၀၆ ဦး သေဆုံးခဲ့
စစ်တပ်က အာဏာသိမ်းပြီးနောက် ငါးနှစ်တာအတွင်း ချင်းပြည်နယ်က နို့စို့ကလေးငယ်တွေအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၆ ဦးသေဆုံးခဲ့တယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ငါးနှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်... Read More
မြင်းမူနယ်မှာ စစ်ကော်မရှင်လက်အောက်ခံတ ပ် တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မြင်းမူလမ်းပိုင်း ဂွေးပင်တောကျေးရွာအနီးမှာ စစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က စောင့်ကြီးတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအ၀င် စစ်တပ်ဖွဲ့၀င် ၈ဦး သေဆုံးခဲ့တယ်လို့ Anyar Defense Force အညာကာကွယ်ရေးအင်အားစု(ADF) LPDFကသတင်းထုတ်ပြန်ပါတယ်။ မြင်းမူမြို့နယ် ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းရွာကြားမှာ ကုန်တင်ကားတွေကို ပိုက်ဆံတောင်းဖို့ ထွက်လာတဲ့... Read More
ယောဒေသ၊ ကဇွန်းထောင့်ရွာကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ
မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ်၊ ကစွန်းထောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မတ်လ ၂၆ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ကန်စွန်းထောင့်ရွာက သက်ကြီးရွယ်အို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး... Read More
ချောင်းဦးနယ်မှာ စစ်ကော်မရှင်လက်အောက်ခံတပ်တွေ တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံးကာ တစ်ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မတ်လ ၂၂ရက်နေ့ မနက်ပိုင်းက ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦးလမ်းပိုင်း တောပုကျေးရွာဆိုင်းဘုတ်အနီးမှာ စစ်တပ်လက်အောက်ခံ စစ်သား၊ရဲနဲ့ပျူစောထီးတွေကိုဒေသခံတော်လှန်တပ်ဖွဲ့တွေဖြစ်တဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာစစ်တပ်လက်အောက်ခံ တပ်သား ၃... Read More
ယောမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ၂ ဦးကျဆုံး
မကွေးတိုင်း၊ ယောဒေသ၊ ညောင်လယ်ကျေးရွာအနီးမှာ မတ် ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး YDF စစ်မြေပြင်ရုံးမှ ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ရဲဘော်နှစ်ဦးကျဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ဘယ်ဘက်ကမှားတယ်၊ မှန်တယ်ဆိုတာထက် တော်လှန်ရေးသမားချင်း လက်နက်နဲ့ဒီလို လုပ်တာကို... Read More
ဆားလင်းကြီးနယ်နဲ့ ပုလဲနယ်တွေမှာ လေကြောင်းတိုက်ခိုက်ခံရ ၊ အရပ်သား သေဆုံးမှုအချို့ရှိ
စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်နဲ့ ပုလဲနယ်တွေမှာ စစ်ကော်မရှင်တပ်က မတ်လ ၁၂ ရက်နေ့ကစလို့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုအချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကော်မရှင်တပ်က မတ်လ ၁၂ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။ “ဆားလင်းကြီးမှာတော့ အရပ်သားနှစ်ယောက်သေတယ်။ ပုလဲနယ် မုံသွင်ချင်ပြစ်ဘက်မှာတော့... Read More
အမ်းမြို့နယ်က စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရ
အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က မတ်လ ၈ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရတာရှိတယ်လို့ AA Info desk က ဒီကနေ့မှာ... Read More
ပုလဲနယ်မှာ စစ်ကော်မရှင်တပ်က တရက်ထဲ နှစ်ကြိမ်လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ခြမ်းတနေရာကို စစ်ကော်မရှင်တပ်က မတ်လ ၁၁ ရက်နေ့ တရက်ထဲ နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ဖက်စစ်ရေးတင်းမာနေကြတဲ့ ပုလဲမြို့နယ်မြောက်ခြမ်းက နေရာအချို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစလို့ မြေပြင်စစ်ကြောင်းတွေအပါအဝင် လေကြောင်းသုံးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။... Read More









