Home > သတင်း > စစ်ရေး > စစ်ရေး > စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်က ကလေးငယ် ၁၀၆ ဦး သေဆုံးခဲ့

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်က ကလေးငယ် ၁၀၆ ဦး သေဆုံးခဲ့

စစ်တပ်က အာဏာသိမ်းပြီးနောက် ငါးနှစ်တာအတွင်း ချင်းပြည်နယ်က နို့စို့ကလေးငယ်တွေအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၆ ဦးသေဆုံးခဲ့တယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ငါးနှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ်က ကလေးငယ်တွေသေဆုံးခဲ့ရာမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရတာကို တွေ့ရပါတယ်။
ညအချိန် လူနေရွာပေါ်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်လည်း ကလေးငယ်တွေသေဆုံးခဲ့ရတာကို ဒေသတွင်းသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုတွေကြောင့် ကလေး ၅၃ ဦးသေဆုံးခဲ့ပြီး ၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုတွေကြောင့် ၃၈ ဦး၊ ပစ်ခတ်ခံရမှုနှင့် မတရားသတ်ဖြတ်မှုတွေကြောင့် ၁၅ ဦး စုစုပေါင်း ၁၀၆ ဦး သေဆုံးခဲ့တယ်လို့ CHRO ကထုတ်ပြန်ပါတယ်။
လက်ရှိချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ ငါးလကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်တပ်က ဖလမ်းမြို့နယ်ကို တိုက်ပွဲစတင်ခဲ့ကာလကစ လေကြောင်းကနေ အဓိကထား ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပုံစာ – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက၊ ဟားခါး၊ ဗန်ဟား ကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ကျောင်းသားနှစ်ဦးနှင့် ၂၀၂၆၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ စင်ခွားရွာက ကလေးငယ်။(Photo – လူမှုကွန်ယက်)

error: Content is protected !!