By

MHA Nowadays

တော်လှန်ရေးဆက်သား

တော်လှန်ရေးဆက်သား မောင်ချမ်းမြ(မျက်မှောက်ခေတ် ရုပ်ပုံလွှာ) တော်လှန်ရေးကာလမှာ တော်လှန်ရေးဆက်သားတွေလည်း အရေးပါတဲ့သူတွေဖြစ်သည်။ သူတို့သည်တော်လှန် ရေးသမားတွေလိုအပ်တဲ့ ငွေ၊ပစ္စည်းတွေကို တော်လှန်ရေးသမားတွေဆီအရောက်ပို့ ဆောင်ပေးခဲ့ကြသူတွေဖြစ်သည်။ တော်လှန်ရေးသမားတွေလိုအပ်တဲ့ အရေးပေါ်ပစ္စည်းဆို မြို့ပေါ်ကနေ ခက်ခက်ခဲခဲ သယ်ယူပို့ဆောင်ပေးခဲ့ကြသူတွေဖြစ်သည်။ သည်လိုဆက်သားတွေသည် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ကောင်းမှဖြစ်မည်။ ယခုကျနော် ရေးသားမည့်သူသည်...
Read More

အညာဒေသရဲ့ အရပ်ဇာတ် (၆)

အညာဒေသရဲ့ အရပ်ဇာတ် (၆) မောင်ဧက(မျက်မှောက်ခေတ်) အရပ်ဇာတ်ပွဲရဲ့ မြန်မာသံစဉ် တေးဂီတ အစီစဉ် ပြီးတဲ့နောက် “အော်ပရာ” လို့ခေါ်တဲ့ ဇာတ်လမ်းတို နဲ့ ကပြဖျော်ဖြေမှု မပြုလုပ်ခင် ပြင်စရာရှိတာပြင်ဆင်နိုင်ဖို့ ပွဲကို ခေတ္တ၊ခဏ ရပ်နားကြပါတယ်။ အညာဒေသ အရပ်ဇာတ်ပွဲမှာ ပါ၀င်သူတွေကအပျို...
Read More

“အညာဟာ အညာခံထားရတယ်”

“အညာဟာ အညာခံထားရတယ်” တကယ်တော့အညာဟာအညာခံထားရတာကြာပါပြီ။ ခေတ်အဆက်ဆက်အစိုးရအဆက်ဆက်အညာကို ညာခဲ့ကျတာပါ။ အညာသူ အညာသားတွေဟာနိုင်ငံရေးနားမလည်ပါဘူး။ ဒါပေမဲ့ဓမ္မနဲ့အဓမ္မကိုတော့ကောင်းကောင်းခွဲခြားတက်တယ်။ ဒါကြောင့်ခေတ်အဆက်ဆက်အမှန်တရားဘက်ကရပ်တည်ခဲ့တာ ဒီအညာပဲ။ ၂၀၂၁စစ်တပ်အာဏာသိမ်းတော့လဲအသားမည်းမည်းအညာသားအညာသူတွေဟာကိုဝမ်းစာကိုရှာစားလို့အေးဆေးမနေနိုင်ခဲ့ပါဘူး။ မတရားအာဏာရူးတဲ့ကောင်ကိုရရာလက်နက်နဲ့ဆွဲကိုင်တော်လှန်ခဲ့တာပါပဲ။ ယခုထိလဲတော်လှန်နေဆဲပါပဲရိုးအတဲ့အညာသားအညာသူတွေဟာခံပြင်းစိတ်ပဲရှိတာပါ။ သူတို့မှာနိုင်ငံရေးပရိယာယ်တွေနိုင်ငံရေးကစားကွက်တွေဒါတွေသူတို့မသိဘူး။ သူတို့သိတာ တိုင်းပြည်အေးချမ်းဖို့ပဲသူတို့ကတော့သူတို့ကိုဖိနှိပ်သူမည်သူ့ကိုမဆိုတော်လှန်မှာပဲ။  ပေါ်ပြူလစ်နိုင်ငံရေးသမားတွေရဲ့မစားရဝခမန်းနိုင်ငံရေးလေသံတွေကိုလဲသူတို့မယုံရဲတော့ဘူးအညာဟာအညာမခံရအောင်ကြိုးစားနေပြီ။ အညာဟာမီးဒဏ်လဲခံခဲ့ရပြီးပြီစနစ်ဆိုးတစ်ခုရဲ့အောက်ကရုန်းထွက်ဖို့အညာဟာတက်ကုန်ဖွင့်လို့ရွက်ကုန်လွှင့်နေပြီ။ စစ်မှန်တဲ့နိုင်ငံရေးဦးဆောင်မှုပေနိုင်မဲ့အညာကိုမညာမဲ့ လုံးဝရွှီးရှောင်မလုပ်မဲ့ရီးရဲလ်လစ်ဇင်ခေါင်းဆောင်းကောင်းတွေပေါ်ထွက်လာဖို့အချိန်ကျနေပြီ။ အညာဟာ နောက်တစ်ခါအညာမခံရသင့်တော့ဘူး။...
Read More

အညာဒေသရဲ့ အရပ်ဇာတ် (၅)

အညာဒေသရဲ့ အရပ်ဇာတ် (၅) မောင်ဧက (မျက်မှောက်ခေတ်) မြန်မာသံစဉ် ကဏ္ဍ အဖွင့်သီချင်းကို အညာဒေသ အရပ်ဇာတ်အဖွဲ့၀င်တစ်ဦးက ဘိုဖြူသီဆိုထားတဲ့ “လပ်တီး” သီချင်း နဲ့ စတင်ဖျော်ဖြေမှာဖြစ်ကြောင်း ကြေငြာလိုက်ချိန်မှာ ပွဲကြည့်ပရိတ်တွေဖြစ်ကြတဲ့ အညာသူ၊အညာသားတွေကလက်ခုတ်သံ မိုးထိညံ လို့ဆိုရလောက်အောင်လုပ်ခုတ်တီး ကြိုဆိုကြပါတယ်။ “လပ်တီး”သီချင်းကို...
Read More

သစ်ပင်တွေ အမြန်ကြီးထွားကြပါစေ

သစ်ပင်တွေ အမြန်ကြီးထွားကြပါစေ မောင်ချမ်းမြ (မျက်မှောက်ခေတ် လူမှုသဘာဝပတ်ဝန်းကျင် ဆောင်းပါး) သစ်ပင်ငယ်ငယ်လေးတွေကြားမှာ မိုးကာတွေမိုးထားသည့် စစ်ရှောင်စခန်းကို ကြည့်ရင်း ကျနော့်မျက်နှာသည် ချွေးချွေးဒီးဒီးကျနေပါသည်။ နေရောင်က အရိပ်မဲ့သော တဲတွေပေါ်ကို ထင်းထင်းကြီးရိုက်ခတ်နေသည်။ အင်္ကျီလက်ရှည်ဝတ်ပြီး ဦးထုပ်ဆောင်းထားသော်လည်း ကိုယ်ခန္ဓာကပူနေသည်။ ထို့ထက်ရင်တွင်းက အပူက ပိုပါသည်။...
Read More

လူ့အမှိုက်တွေ ကင်းစင်ကြပါစေ

လူ့အမှိုက်တွေ ကင်းစင်ကြပါစေ တက်နေထွန်း(မျက်မှောက်ခေတ် ဆောင်းပါး) ကျနော်တို့မြန်မာတွေဟာ ပျော်တတ်တဲ့နေရာ၊ အပျော်ကြိုက်တတ်တဲ့နေရာ၊ အခက်အခဲကို ဟာသလုပ်ပစ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဟိုအရင်ကတညလုံးမအိပ်ဘဲ မိုးလင်းပေါက်ပွဲက၊ ပွဲကြည့်ကြတာကိုလည်း ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ မြန်မာတွေဟာ ကိုယ်ရင်ဆိုင်ရမယ့် အခက်အခဲကိုလည်း ဟာသလုပ်ပစ်တတ်ကြပါတယ်။ ဂျပန်ခေတ်က  ဂျပန်တွေဝင်လာလို့ သွားကြိုတော့...
Read More

အညာဒေသရဲ့ အရပ်ဇာတ်(၄)

အညာဒေသရဲ့ အရပ်ဇာတ်(၄) မောင်ဧက (မျက်မှောက်ခေတ်) အညာဒေသရဲ့ အဇာတ်ပွဲ အဖွင့်ဖြစ်တဲ့  အပျိုတော်ထွက်ချိန်မှာ အရပ်သူ၊အရပ်သားတွေရဲ့ ကကွက်ညီညာမှုမရှိပေမယ့် မြန်မာဆိုင်းရော၊ခေတ်ပေါ်တီးလုံးတွေ ပါ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ကပြဖျော်ပြေကြပါတယ်။ အရပ်ဇာတ်ပွဲခေါင်းဆောင်က ဇာတ်ခုံဒေါင့် ကနေနောက်လာမယ့်အစီစဉ်တွေအတွက် ကြိုတင်စီစဉ် နေပါတယ်။ ဒါကို အရပ်ဇာတ်အဖွင့်ဖြစ်တဲ့...
Read More

ညီညွတ်မှ၊ စုစည်းမှ ရည်မှန်းချက် ပန်းတိုင်ရောက်မယ်

ညီညွတ်မှ၊ စုစည်းမှ ရည်မှန်းချက် ပန်းတိုင်ရောက်မယ် ရဲဘော်ယောလေး(မျက်မှောက်ခေတ် ဆောင်းပါး) အလုပ်ဟူသည် ကြိုးစားအားထုတ်ရသည်ချည်းပါ။ Nothing is free ဆိုတာလို ဘယ်အရာမှ လွယ်လွယ်မရပါ။ ကျွန်တော်တို့ လုပ်နေကြတဲ့ တော်လှန်ရေးဆိုတာ ခက်ခဲမှု၊ ပင်ပန်းမှု၊ ဆင်းရဲမှုတွေက ပြောမကုန်နိုင်အောင်ပါပဲ။ ဒီခက်ခဲပင်ပန်းမှု၊...
Read More

အညာဒေသရဲ့ အရပ်ဇာတ်(၃)

အညာဒေသရဲ့ အရပ်ဇာတ်(၃) မောင်ဧက(မျက်မှောက်ခေတ်) ပွဲစကတည်းက မှားရကောင်းလားဆိုပြီး စိတ်ပျက်၊လက်ပျက်နဲ့ ဘယ်သူမှထပြန်မသွားကြဘဲ ပွဲကနေသမျှ စိတ်ရှည်၊ သည်းခံပြီး ထိုင်ကြည့်နေကြသလို ပွဲကနေသမျှ လက်ခုတ်သံတသောသောနဲ့ အညာပြည်သူတွေ အားပေးတတ်ကြပါတယ်။ အရပ်ဇာတ်ပွဲကမယ့် ရက် ရောက်ပါပြီ။ရေတိုင်ကီလုပ်ထားတဲ့ ဆီပေပါအဟောင်းတွေကို အခြေခံပြီး အပေါ်မှာ တန်းထိုး...
Read More

ချင်းတောင်ပေါ်က တူမီးသံ

ချင်းတောင်ပေါ်က တူမီးသံ ဝေလင်းလက်(မျက်မှောက်ခေတ် ရသစာတမ်း) ချင်းတောင်ပေါ်က ရွာလေးတစ်ရွာမှာ တူမီးသေနတ်သံတွေ ဆူညံသွားသည်။ နွေဦးတော်လှန်ရေးကာလအစ၊ ငြိမ်းချမ်းစွာသပိတ်မှောက်နေသော ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီစစ်သားတွေက ပစ်သတ်ခဲ့ကြသည်။ ထိုလူငယ်၏ အသုဘ အခမ်းအနားတွင် ချင်းအမျိုးသားတွေက တူမီးသေနတ်တွေ ပြိုင်တူဖောက်ပြီး ဂုဏ်ပြုခဲ့ကြသည်။ ထိုတူမီးသေနတ်သံသည် တကမ္ဘာလုံးက...
Read More
error: Content is protected !!