Home > Uncategorized > ခိုး၊ဆိုး၊လု၊နှိုက် တွေများလာတဲ့ မုံရွာမြို့

ခိုး၊ဆိုး၊လု၊နှိုက် တွေများလာတဲ့ မုံရွာမြို့

ခိုး၊ဆိုး၊လု၊နှိုက် တွေများလာတဲ့ မုံရွာမြို့

(မျက်မှောက်ခေတ် ရင်ဖွင့်လွာကဏ္ဍ)

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ခိုး၊ဆိုး၊လု၊နှိုက်အဖွဲ့တွေကသုံးဘီးဘေးတွဲဆိုင်ကယ်တွေအသုံးပြုပြီး နေ့ရော၊ညပါ သောင်းကြမ်းနေကြတယ်ပါတယ်။

အထူးသဖြင့် ညဘက်တွေမှာ မြို့ပေါ်ရပ်ကွက်တွေကို သုံးဘီးဘေးတွဲဆိုင်ကယ်အသုံးပြုပြီးလှည့်ပတ်ခိုးယူနေတာဖြစ်ပါတယ်။

မြို့ အနှံ့ လုယက်မှု၊ခိုးမှုတွေ နေ့၊ည များပြားနေပါတယ်။

စက်မှုဇုန်ရပ်ကွက်ဘက်မှာဆိုရင် အိမ်ရှင်တွေ နိုးသွားလို့ မခိုးလိုက်ရတဲ့ သူခိုးအဖွဲ့က အိမ်ရှင်မိသားစုကို ဓားတွေကိုင်ပြီး ကြိမ်းမောင်းသွားသလို အိမ်ကိုလည်း ကျောက်တုံး၊ကျောက်ခဲ နဲ့ပစ်ပေါက်ဆဲဆိုသွားတာကြောင့်အိမ်ရှင်မိသားစု၀င်တွေက ညအိပ် ချိန်တွေမှာ ရှောင်ပုန်းနေရပါတယ်။

မုံရွာမြို့ပေါ်မှာ ခိုး၊ဆိုး၊လုယက်မှု အများဆုံးကျူးလွန်နေကြတာက ထန်းတောရပ်ကွက်အရှေ့ဖက် အင်းအစပ်၊ဆယ်ပေချောင်နဲ့ သလ္လာရပ်ကွက်တွေက ဖြစ်ပါတယ်။

သလ္လာရပ်ကွက်မှာဆိုရင် ညစဥ်၊ညတိုင်း ထွက်ခိုးနေတဲ့ အဖွဲ့ ၇/၈ ဖွဲ့လောက်ရှိတယ်လို့ သလ္လာရပ်ကွက်‌ နေသူတွေကပြောပါတယ်။

မုံရွာမြို့ခံပြည်သူတွေဟာ စားဝတ်နေရေးကြပ်တည်းနေချိန် လုံခြုံရေးကြောင့် ဖြောင့်ဖြောင့်မအိပ်ကြရပါဘူး။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ ကလည်းသူခိုး၊ဓားမြအဖွဲ့တွေကို ပေါ်တင်ကျူးလွန်ခွင့်ပေးထားသလို ဖြစ်နေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပကဖ၊ပအဖ၊ပလဖ တွေလည်းအသံတိတ်နေကြပါတယ် လို့မုံရွာမြို့ခံပြည်သူတဦးကလည်း မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။

(မုံရွာမြို့ခံတွေရဲ့ ပြောပြချက်ကို စုစည်း‌ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်)

error: Content is protected !!