ယင်းမာပင်မြို့နယ်တွင် လ/ထ ပညာရေးမှူးအပါအဝင် အနံ့မရသူ ၂ ဦးထံမှ ကိုဗစ်ပိုးတွေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မှာ အနံ့မရသူ ၂ ဦးထံကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။ အဲဒီပိုးတွေ့လူနာ ၂ ယောက်က နိုဝင်ဘာလ ၂၂ ရက်နေ့က အနံ့ပျောက်နေသဖြင့်... Read More
နတ်မတောင်ထိပ်အထိ ခြေလျင်တက်နိုင်မယ့် လမ်းကြောင်းသစ် ရှာဖွေနေ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် ခေါ် နတ်မတောင်ထိပ်အထိ ခြေလျင်တောင်တက်နိုင်အောင် လမ်းကြောင်းသစ် ရှာဖွေမှုတွေ ဆောင်ရွက်နေတယ်လို့ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ခေါ်နူးစုမ်ခေါ် နတ်မတောင်ထိပ်အထိ ခြေလျင်လမ်းလျှောက်တက်ချင်သူတွေအတွက် ခြေလျင်လမ်းလျှောက်တက်နိုင်မယ့် လမ်းကြောင်းကို ပြုပြင်ဆောင်ရွက်ပေးမှာဖြစ်သလို... Read More
ထောက်ခံသူရော၊ မထောက်ခံသူရဲ့အခွင့်အရေးပါ ကာကွယ်သွားမယ်လို့ NLD ထုတ်ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေနဲ့ အဖွဲ့ချုပ်ကို ထောက်ခံတဲ့သူရော မထောက်ခံတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ နိုဝင်ဘာ (၁၇) ရက်က NLD ပါတီရဲ့ facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ စာပိုဒ် (၅) ပိုဒ် ပါဝင်ပြီး... Read More
စစ်ကိုင်းတိုင်းမှာ မဲဆန္ဒနယ် ၃၀ ခုရဲ့ မဲရလဒ်ကိုသာ ထုတ်ပြန်နိုင်သေး
ရွေးကောက်ပွဲကျင်းပပြီး (၃) ရက်ကြာတဲ့ ဒီကနေ့ နို၀င်ဘာလ (၁၁) ရက်နေ့ နေ့လည်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် (၁၀) မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၃၀ ကိုသာ မဲရလဒ်တွေ ထုတ်ပြနိုင်သေးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြင်းမူ၊... Read More
ယင်းမာပင်မြို့နယ်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး ဓားထိုးခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး ဓားထိုးခံရတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်အောင်စိုးက ပြောပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသမီးက ဒေါ်ညိုညိုသန်းဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်... Read More
ရွေးကောက်ပွဲရလဒ်တွေကို ကျေနပ်မှုမရှိလို့ ပြန်လည်စိစစ်ပေးဖို့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေ တောင်းဆို
မနေ့က ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က နေရာအားလုံး အနိုင်ရရှိခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က အတည်ပြုထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ ဉပဒေနဲ့အမညီတဲ့... Read More
ခန္တီးနှင့် မင်းကင်းတွင် နိုဝင်ဘာ ၈ ရက်နေ့အတွက် မဲရုံကြိုတင်ပြင်ဆင်နေမှုမြင်ကွင်း (ဓာတ်ပုံ)
စစ်ကိုင်းတိုင်းအတွင်းက ခန္တီးမြို့နယ်၊ မင်းကင်းမြို့နယ်တွေအပြင် တနိုင်ငံလုံးက ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အဆင်သင့်ဖြစ်နိုင်ရေးအတွက် မဲရုံတွေကို ကြိုတင်ပြင်နေကြပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့မတူဘဲ တမူထူးခြားစွာ ကျန်းမာရေးအကာအကွယ်အတွက် ပြင်ဆင်ထားရှိမှုတွေကိုလည်း မြင်တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ဆက်သွယ်ရေးဉပဒေနဲ့ တရားစွဲမှု အနည်းဆုံး ၄ မှုရှိနေ
၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် (၄) ခုမှာ ဆက်သွယ်ရေးဉပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတဲ့အမှု (၄) ခုထိ ရှိလာနေပါတယ်။ စစ်ကိုင်းမြို့မှာ အလွတ်တန်းသတင်းထောက်တစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းက တိုင်းကြားတဲ့အမှု၊ လေရှီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ... Read More
စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ကိုဗစ်စည်းကမ်းဖောက်လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက တိုင်ကြား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းချက် တွေကို ဆန့်ကျင်ပြီး မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့လို့ဆိုပြီး ရွှေဘိုခရိုင်ပြည်ခိုင်ဖြိုးပါတီ (USDP) ဥက္ကဌက နို၀င်ဘာ (၃) ရက်နေ့က ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က လာမယ့်ရွေးကောက်ပွဲမှာ... Read More
ရိခေါ်ဒါရ်မြို့တွင် ဘာသာရေးကိစ္စစကားများရာက ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ အမျိုးသားတစ်ဦး အသတ်ခံရ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံအမျိုးသားတစ်ဦး နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဦးခေါင်းပြတ်ဒဏ်ရာနဲ့ အသတ်ခံရခဲ့တယ်လို့ ရိခေါ်ဒါရ်နယ်မြေရဲစခန်းက သိရပါတယ်။ အဲဒီနေ့က သေဆုံးသူ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ... Read More