Home > သတင်း > ဒေသတွင်းသတင်း > ယင်းမာပင်မြို့အနီးမှာ စစ်တပ်စစ်ကြောင်းရှိနေလို့ တောင်သူတွေ သီးနှံရိတ်သိမ်းဖို့ အခက်ခဲဖြစ်နေ

ယင်းမာပင်မြို့အနီးမှာ စစ်တပ်စစ်ကြောင်းရှိနေလို့ တောင်သူတွေ သီးနှံရိတ်သိမ်းဖို့ အခက်ခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးမှာ စစ်ကော်မရှင်စစ်ကြောင်းဟာ မြို့ပေါ် ၊ ပြောင်းပြာ ၊ စားတောပြင်ရွာတွေမှာ တပ်စွဲနေရယူထားတာကြောင့် ဒေသခံတောင်သူတွေ သီးနှံရိတ်သိမ်းဖို့ အခက်ခဲဖြစ်နေတယ်လို့ ပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့အနီးက မြို့ပေါ် ၊ ပြောင်းပြာ ၊ စားတောပြင်ရွာတွေ​မှာ တပ်စွဲနေရာယူထားတာဟာ လဝက်ခန့်ရှိနေတာဖြစ်ပါတယ်။

“ကုလားပဲတွေ နေကြာတွေ ကြက်သွန်တွေကတော့ အခုထိ မရိတ်သိမ်းရသေးဘူး။ ရိတ်သိမ်းခါနီးစဲစဲလေးမှာ စစ်တပ်က ရွာတွေထဲ တပ်စွဲနေကြတော့ ဒေသခံတောင်သူတွေဟာ ကိုယ့်သီးနှံကိုယ် ပြန်မရိတ်သိမ်းရဲနေကြတာ” လို့ ယင်းမာပင်မြို့အနီးမှာနေထိုင်တဲ့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်စွဲထားတဲ့ မြို့ပေါ် ၊ ပြောင်းပြာ ၊ စားတောပြင် ၊ လက်လှုပ်စတဲ့ ဒေသခံတောင်သူတွေဟာ နီးစပ်ရာတောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ယင်းမာပင်မြို့အနီးမှာ နေထိုင်ကြတဲ့ တောင်သူတွေဟာ မြေပဲ ၊ ကုလားပဲ ၊ နေကြာ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နှမ်း စတဲ့သီးနှံတွေကို အဓိကအားထားစိုက်ပျိုးလုပ်ကိုင်စားသောက်နေရတယ်လို့ သိရပါတယ်။

ပုံစာ – ယင်းမာပင်မြို့အနီးက တောင်သူအချို့ သီးနှံစိုက်ပျိုးနေသည်ကို တွေ့ရစဉ်။

error: Content is protected !!