အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး ဝန်ကြီးဌာန၊အမှတ်( ၁ )စစ်ဒေသ၊တမူးခရိုင်အမှတ်(၂)တပ်ရင်းရဲ့အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ် ၂၇ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ တမူးခရိုင် အမှတ် (၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။
အဆိုပါအပတ်စဥ် (၂) သင်တန်းဆင်းပွဲမှာ တပ်သားသစ် ၉၃ ဦး သင်တန်းဆင်းခဲ့ကြတယ်လို့ သိရပါတယ်။
မတ်လ ၂၀ ရက်နေ့က တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ဟာ NUG လက်အောက်ခံ တပ်ရင်းအဖြစ် ကူးပြောင်းခဲ့ပါတယ်။
တမူးခရိုင်ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဒေသဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ နယ်မြေဖြစ်ပါတယ်။
တမူးခရိုင်က ခမ်းပတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ သိမ်းပိုက်ကာ လက်ရှိအချိန်ထိထိန်းချုပ်ထားပြီး ခမ်းပတ်မြို့နဲ့ မိုင်လေးဆယ်ကျော် အကွာ နယ်စပ်ကုန်သွယ် ရေးဂိတ်ရှိတဲ့ တမူးမြို့ကိုတော့ စစ်တပ်က ထိန်းချုပ်ထားပါတယ်။
Photo – တမူးခရိုင် အမှတ်( ၂ )တပ်ရင်း






