ဒေသတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ပျားတောင်သူများ ပျားရည် သိုလှောင်စရာ အခက်အခဲဖြစ်နေ
မြန်မာနိုင်ငံမှာ ပျားလုပ်ငန်းအများဆုံးလုပ်ကိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ ဘုတလင်၊ ဒီပဲယင်းမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဒေသတွင်း သွားလာကန့်သတ်တာတွေရှိနေပြီး ပျားရည် ဝယ်ယူတဲ့ ကုမ္ပဏီတွေက ပျားရည် ဝယ်ယူမှု မရှိတာကြောင့် ထွက်ရှိနေတဲ့ ပျားရည်တွေ သိုလှောင်စရာပင်မရှိတော့တဲ့ အခက်အခဲကြုံနေရတယ်လို့ ပျားမွေးတောင်သူတွေက ပြောပါတယ်။... Read More
ကျွန်းလှမြို့တွင် ပထမဆုံး ကိုဗစ်လူနာတွေ့ရှိ၊ ကလေးမြို့တွင် ပိုးတွေ့လူနာ ၁၅ ဦးထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့မှာ ကိုဗစ်အတည်ပြုလူနာ ပထမဆုံးတွေ့ရှိရတယ်လို့ ကျွန်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ပိုးတွေ့လူနာနှစ်ယောက်ဖြစ်ပြီး အမျိုးသမီးတွေဖြစ်ကာ တစ်ယောက်က ရန်ကုန် မှန်ဘီလူးစက်ရုံက ပြန်လာသူဖြစ်ပြီး နောက်တစ်ယောက်ကတော့ မန္တလေးက စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာသူဖြစ်ကာ အားလုံးကို ကျွန်းလှမြို့ ရွှေကျွန်းသာခန်းမမှာ ကွာရင်တင်းထားရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။... Read More
ပင်လည်ဘူးမြို့တွင် Quarantine ဝင်ရောက်နေသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက Quarantine ဝင်ရောက်နေသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ပါတယ်။ သေဆုံးသူအမျိုးသားအပါအဝင် မိသားစုဝင် ၃ ယောက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ စံခါးကျေးရွာ ဌက်ပျောတောမှာ အလုပ်လုပ်ပြီး... Read More
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သောက်သုံးရေတွေမှာ ဝမ်းရောဂါဖြစ်တတ်တဲ့ Ecoli ပိုးရှိမရှိစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများပြည်သူ သောက်သုံးနေတဲ့ သောက်သုံးရေးတွေမှာ Ecoli ပိုးရှိမရှိစစ်ဆေးမှုကို စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲက ကျေးရွာပေါင်း ၅၉၆၈ ကျေးရွာကို စစ်ဆေးမှာဖြစ်တယ်လို့ တိုင်းကျေးလက်ဦးစီးဌာနက သိရပါတယ်။ ပထမဆုံးအနေနဲ့ ကနီ၊ ကျွန်းလှမြို့နယ်တွေမှာ ၈ လပိုင်းက Ecoli... Read More
တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ နိုဝင်ဘာလအကုန်အထိ ဆက်လက်ပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ကိုဗစ်ကူးစက်မှုတိုးပွားလာတဲ့ အခြေအနေအရ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို နိုဝင်ဘာလအကုန်အထိ ဆက်လက်ပိတ်ထားတယ်လို့ တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက ပြောပါတယ်။ တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ ဧပြီ ၁၄ ရက်နေ့က စတင်ကာ အောက်တိုဘာလအကုန်အထိ ပိတ်ထားခဲ့ပြီးနောက် အခုတခါ နိုဝင်ဘာလအကုန်အထိ... Read More
လဟယ်မြို့တွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်လို့ မဲပုံးတွင်းရှိ မဲများအား ပယ်မဲအဖြစ် သတ်မှတ်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ၊ မြိုမရပ်ကွက်မှာ ကြိုတင်မဲပုံးတစ်ပုံးရှိ မဲတွေကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပယ်မဲအဖြစ် သတ်မှတ်လိုက်တယ်လို့ လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးပါခင်က ပြောပါတယ်။ အဲဒီကြိုတင်မဲပုံးရှိ မဲတွေကို အောက်တိုဘာလ ၂၉... Read More
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြိုတင်မဲစတင်ပေးရာမှာ မဲရုံပိတ်သိမ်းခဲ့ရတာအပြင် ပြဿနာတက်တဲ့ မဲရုံအချို့ရှိခဲ့
အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲတွေကို တနိုင်ငံလုံးက ရွေးကောက်ပွဲကျင်းပရာနေရာတွေမှာ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ စတင်ကာ ကောက်ခံနေပြီဖြစ်ပါတယ်။ အခုလို ကြိုတင်မဲကောက်ခံရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ မဲရုံပိတ်သိမ်းရတာတွေရှိခဲ့သလို ပြဿနာတက်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ကြိုင်တင်မဲနဲ့ပတ်သက်လို့ ထီးချိုင့်၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်တွေမှာ... Read More
ပလက်ဝမြို့နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာသတ်မှတ်လိုက်လို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းကျော် လျော့နည်းသွား
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက ကျေးရွာအုပ်စု ၉၄ အုပ်စုမှာ လုံခြုံရေးအနေအထားကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်တော့ဘူးလို့ အောက်တိုဘာလ ၂၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအတွက် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့်နေရာက ကျေးရွာ ၁ အုပ်စုနှင် မြို့ပေါ်ရပ်ကွက် ၇... Read More
ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်းမှာ လေယာဉ်အတက်အဆင်းစမ်းသပ်မှုပြုလုပ်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဆူရ်ဘုံလေယာဉ်ကွင်းကို အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက မြန်မာ့လေကြောင်းညွှန်ကြားမှုဦးစီးဌာနက ATR-72 လေယာဉ်နဲ့ အတက်အဆင်း စမ်းသပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။ အဲဒီ ဆူရ်ဘုံလေယာဉ်ကွင်းကို ၂၀၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး... Read More
တမူးမြို့တွင် ပိုးတွေ့လူနာများလာလို့ နေရာတချို့ကို Stay At Home သတ်မှတ်
အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ကိုဗစ် ၁၉ ရောဂါ ပိုးတွေ့ရှိတဲ့ မြို့မ (၁၂/က) ရပ်ကွက်နှင့် မြို့မ (၁၃) ရပ်ကွက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစပြီး Stay At Home သတ်မှတ်လိုက်ကြောင်း တမူးခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး... Read More