မကွေးတိုင်းရေစကြိုမြို့နယ်က ကျေးရွာတစ်ရွာမှာ နွေရာသီ ရေရရှိရေးအတွက် စက်ယန္တယားတွေအသုံးမပြုပဲ လူအင်အားနဲ့ ရေကန်တူးဖော်နေကြပါတယ်။ စက်ယန္တယား ငှားခစျေးမတတ်နိုင်လို့ လူအင်အားနဲ့ လုပ်နေကြတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“မနှစ်က GCBက တစ်နာရီ နှစ်သိန်းဝန်းကျင်ပဲရှိတယ်။ ဒီနှစ်က တစ်နာရီ ခြောက်သိန်း၊ ခုနှစ်သိန်းရှိတော့ ငှားဖို့မတတ်နိုင်တော့ဘူးလေ”လို့ အမည်မဖော်လိုသူ ဒေသခံလူငယ်တစ်ဦးကပြောပါတယ်။
GCB မြေတူးခစျေးတက်နေတာက လောင်စာဆီစျေးတက်တာ၊ မောင်းလာရတဲ့ ခရီးအကွာအဝေး၊ အလုပ်လုပ်ရတဲ့ကြာချိန် တို့အပေါ် မူတည်နေတယ်လို့ GCB ကားပိုင်ရှင်တစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့က မြေတူးခကတခုတည်းတွက်ရတာမဟုတ်ဖူးရယ်။ အငှားလိုက်တဲ့အခါ သွားရတဲ့ခရီးဝေးရင်ဝေးသလောက် ဆီဖိုးထည့်တွက်ရတာပေါ့။ ခုကအားလုံးသိတဲ့အတိုင်း ဆီစျေးတက်တာရော ဝယ်ရတာရောကိုခက်နေတာ။ ဒီတော့ သွားလာရတာနဲ့ အလုပ်လုပ်ရတာနဲ့ ကိုက်အောင်စျေးဖြတ်ရတာပေါ့” လို့ လုံခြုံရေးအရအမည်မဖော်လိုသူ ကားပိုင်ရှင်တစ်ဦးကပြောပါတယ်။
ရေစကြိုမြို့နယ်မှာ ၂၀၂၆၊ ၃လပိုင်းက ဓာတ်ဆီ၊ ဒီဇယ် တလီတာ ၄၅၀၀ကျပ်၊ ဝန်းကျင်ရှိခဲ့ပါတယ်။ ယခုအခါမှာ ဒေသထွက်ချက်ဆီ ဓာတ်ဆီ တစ်လီတာကို ၅၀၀၀၀ ဝန်းကျင်ရှိပြီး ဒီဇယ် ပရီမီယမ် တစ်လီတာကို ၆၀၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်






