Home > သတင်း > ဒေသတွင်းသတင်း > ခန္တီးတွင် NLD ထောက်ခံသူတွေ ဒုတိယအကြိမ် အင်အားပြ

ခန္တီးတွင် NLD ထောက်ခံသူတွေ ဒုတိယအကြိမ် အင်အားပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝန်းရံသူတွေက ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက အင်အားပြ လှည့်လည်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအင်အားပြပွဲမှာ ကားအစီး ၃၀ အပြင် ဆိုင်ကယ်တွေလည်း ပါဝင်ပြီး လူဦးရေ ခန့်မှန်း ၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ပထမအကြိမ် မဲဆွယ်အင်အားပြပွဲကိုတော့ ချင်းတွင်းမြစ်အတွင်း ရေယာဉ်အစီးရေ ၅၀ ကျော်နဲ့ လူဦးရေ ထောင်ချီပါဝင်ကာ အောက်တိုဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ခန္တီးမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ (SSP)၊ နာဂအမျိုးသားပါတီ (NNP) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

ခန္တီးမာန်၊ လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!