Home > သတင်း (Page 62)

မုံရွာချင်းတွင်းတံတားဂိတ်တွင် အထောက်အထားမဲ့ အိန္ဒိယနိုင်ငံသား ၄ ဦးကို ဖမ်းဆီး။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းတံတားဂိတ်မှာ ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းက သက်သေခံအထောက်အထားတစ်စံတစ်ရာ မပြနိုင်ဘဲ တရားမဝင် ဝင်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် အခကြေးငွေရယူကာ ကားနဲ့လိုက်ပါပို့ဆောင်ပေးတဲ့ ယာဉ်မောင်းတစ်ဦးကို မူးယစ်တပ်ဖွဲ့စုကနေ ဖမ်းဆီးထိမ်းသိန်းခဲ့ပါတယ်။ မူးယစ်တပ်ဖွဲ့စုက မူးယစ်ဆေးဝါးသတင်းအရ ရှောင်တခင်...
Read More

ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်မှာ ချင်းတွင်းမြစ်ရေ တဖန်ပြန်လည် မြင့်တက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်။

ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုတွေကြောင့် နောက် ၃ ရက်အတွင်း မြစ်ရေမြင့်တက်လာနိုင်တဲ့အတွက် ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ မြို့နယ်တွေက ချင်းတွင်းမြစ်တလျှောက် ရေဝင်ရပ် အနိမ့်ပိုင်းမှာ နေသူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက...
Read More

ရွေးကောက်ပွဲမှာ အရပ်ဖက်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ရွေးကော်က ကန့်သတ်ပိတ်ပင်တဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်း ၄၄၀ ကျော်က သဘောထားထုတ်ပြန်။

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ PACE (People’s Alliance for Credible Elections) ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အဓိကအားဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်လိုက်တာပါ။ အခုလို ပိတ်ပင်လိုက်တဲ့အပေါ် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလာမှာကိုလည်း...
Read More

စစ်ကိုင်းတိုင်းအတွင်း အထက်တန်းဆင့်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ထား။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်အားလုံးရှိ အစိုးရအခြေခံပညာအထက်တန်းဆင့် စာသင်ကျောင်းအားလုံးကို လက်ရှိမှာ ကျောင်းကုန်ဖွင့်လှစ်ကာ စာသင်ကြားပေးနေပြီလို့ တိုင်းပညာရေးမှုးရုံးက သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ အစိုးရ အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း ၇၄၀ ရှိပြီး အဲဒီထဲက ကျောင်းအိပ်ကျောင်းစားသင်ကြားပေးနေတဲ့ အား/ကာသိပ္ပံကတော့ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။ “ကျောင်းအားလုံး ပြန်ဖွင့်နိုင်ပြီ။ ပြန်ပိတ်ရတဲ့ကျောင်း...
Read More

ရတနာပုံတံတားပေါ်က ခုန်ချပျောက်ဆုံးနေသူအလောင်းကို ပြန်လည်တွေ့ရှိ။

စစ်ကိုင်းမြို့၊ ရတနာပုံတံတားပေါ်ကနေ ဧရာ၀တီမြစ်အတွင်း ဩဂုတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေတာပါ။ ဩဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုပါပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို စစ်ကိုင်းမြို့၊ ဧမြ၀တီဆိပ်ကမ်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့ပါတယ်။ “မနက် ၆...
Read More

ကျပ်သိန်း(၃၇၀)ကျော် လိမ်လည်တောင်း ယူခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး။

အဆောက်အဦးဆောက်လုပ်ခွင့် ဆိုင်းဘုတ်နဲ့ ဘဏ်ငွေသွင်းချလံအတုပြုလုပ်ပြီးကျပ်ငွေ သိန်း(၃၇၀)ကျော် လိမ်လည်တောင်းယူခဲ့တဲ့ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ကအုပ်ချုပ်ရေးမှူးကို ဩဂုတ်လ(၁၁)ရက် ည(၁၀)နာရီ၀န်ကျင်းက ဖမ်းဆီးခဲ့တယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းက သိရပါတယ်။စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်သိန်းဟာ အမည်မသိအရပ်သား(၂)ဦးကို စည်ပင်သာယာ၀န်ထမ်းယောင်ဆောင်ခိုင်းပြီး ပတ္တမြားရပ်ကွက်၊အမှတ်(၈)လမ်းမကြီးဘေးမှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးကိုစည်ပင်သာယာရဲ့အဆောက်ဦးဆောက်လုပ်ခွင့် ဆိုင်းဘုတ်နဲ့...
Read More

ဝန်းသိုမြို့နယ်မှာ လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှုဖြစ်ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်မှာ သြဂုတ်လ၁၀ရက်နေ့က လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဝန်းသိုမြို့နယ်၊ မော်ခါးအုပ်စု၊ ကျောက်ကြီးစုကျေးရွာမှာ အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူကို—(၃၀)နှစ်က သူ့ရဲ့အိမ်မှာ ဇနီးဖြစ်သူ တရားခံမ—(၃၁)နှစ်နဲ့ စကားများရန်ဖြစ်ကြပြီး ဇနီးဖြစ်သူတရားခံ မ—(၃၁)နှစ်က သေဆုံးသူကို—(၃၀)နှစ်ရဲ့ဦးခေါင်းကို တူနဲ့ထုသတ်ခဲ့တာဖြစ်ပါတယ်။...
Read More

စစ်ကိုင်းတံတားအသစ်ပေါ်မှ အသက်(၃၉) နှစ်အရွယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ် ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ၊ ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်) ပေါ်က‌ေန အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဩဂုတ်လ (၁၁)ရက်နေ့ နေ့လည်(၂)နာရီခွဲ၀န်းကျင်က ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်)ပေါ်ကခုန်ချခဲ့တဲ့ အသက်(၃၉)နှစ်အရွယ်အမျိုးသားဟာ စစ်ကိုင်းမြို့ ၊ တကောင်းရပ်ကွက်၊ နယ်မြေ...
Read More

စစ်ကိုင်းတိုင်းတွင် ဂုဏ်ထူးရကျောင်းသား ၄ ထောင်နီးပါး အရင်နှစ်ကထက်တိုးလာ။

၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ကျောင်းသားတွေထဲက ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၃၉၂၄ ဦး အရင်နှစ်ကထက် တိုးတက်လာတယ်လို့ တိုင်းပညာရေးမှုးရုံးက သိရပါတယ်။ အောင်ချက်ရာခိုင်နှုန်းကလည်း တိုးလာခဲ့ပြီး ဖြေဆိုသူအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကျော်ရှိကာ မြန်မာတစ်နိုင်ငံလုံးမှာ အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံးတိုင်းဖြစ်ခဲ့ပါတယ်။“ပြီးခဲ့တဲ့...
Read More
error: Content is protected !!