ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု ကြုံတွေ့နေရ
လက်ရှိအချိန်မှာ မြန်မာနိုင်ငံ အတွင်း COVID-19 အတည်ပြုလူနာ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၃၉၀၀ နီးပါး ရှိလာပြီဖြစ်သလို သေဆုံးသူကလည်း ၄၆ ဦးထိ ရှိလာနေပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ တကျော့ပြန် ကူးစက်မှုမြင့်တက်လာတဲ့... Read More
ဒီပဲယင်းမြို့နယ်တွင် ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာတွင် Quarantine ဝင်နေတဲ့ ရန်ကုန်ပြန် အမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ ကျေးရွာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာရယူကာ ဓာတ်ခွဲစမ်းသပ်ဖို့ မန္တလေးကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဒီမနက်မှာတော့ ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။... Read More
ကိုဗစ်ကပ်ရောဂါကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးရေယာဉ်လိုင်းတွေကို ရက်အကန့်အသတ်မရှိ ယာယီပိတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အခြေပြုကာ ချင်းတွင်းမြစ်အထက်ပိုင်းကို ပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကာ ပိတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ COVID... Read More
မြို့နယ်ရွေး/ကော်က ခွဲခြားဆက်ဆံလို့ ခရိုင်နဲ့ အထက်ကော်မရှင်အဆင့်ဆင့်ကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းက တိုင်ကြားထား
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ခွဲခြား ဆက်ဆံတာတွေ ရှိနေတဲ့အတွက် ခရိုင်ရွေး/ကော်အပါအဝင် အထက်ကော်မရှင် အဆင့်ဆင့်ကို တိုင်ကြားထားတယ်လို့ ချောင်းဦးမြို့နယ်က တစ်သီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦး၀င်းဆောင် ကပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ချောင်းဦးမြို့နယ်ကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်... Read More
စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်အချို့ မဲဆွယ်စည်းရုံးမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယာယီရပ်နား
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ကိုဗစ်ကူးစက်ခံနေရတဲ့ အတည်ပြုလူနာတွေ တိုးလာနေတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သူတို့ရဲ့ မဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားလိုက်ပါတယ်။ အခုလိုမဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားခဲ့ရတာက ဗစ်ကူးစက်ရောဂါ ပြန့်ပွားမှုနှုန်း မတိုးပွားလာစေရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ပါတီက မဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားခဲ့ပေမယ့် ပါတီကိုထောက်ခံကြတဲ့ အုပ်စုတွေကတော့ အုပ်စုဖွဲ့ လှည့်လည်မဲဆွယ်မှုတွေလည်း... Read More
၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောက်ရန် စိုးရိမ်မှုတွေရှိနေ
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးဆောင်ရွက်ဖို့ အထူးရဲအဖြစ် လျှောက်ထားသူ စစ်ကိုင်းတိုင်းမှာ ၄၁၀၀ ကျော်ရှိပါတယ်။ အထူးရဲအဖြစ် လျှောက်ထားသူတွေက လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ပိုးတွေ့ လူနာတွေ တနေ့တခြား များပြားလာနေလို့ သင်တန်းတက်ရောက်ရမှာကို ကြောက်ရွံ့နေတယ်လို့... Read More
ကလေးမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စတင် စစ်ဆေးတော့မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။ “ကိုဗစ်-၁၉ ရောဂါပိုးစစ်နိုင်မယ့်စက်ကို ငွေကျပ်သိန်း ၃၀၀ ကျော်နဲ့ ကလေးမြို့ဆေးရုံကို အထောက်အကူပြုနေတဲ့ မိသားစုတွေနဲ့ အခြားအလှူရှင်တွေက လှူထားတာရှိတယ်။... Read More
အရာတော်မြိုနယ်တွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်မှာ ပထမဆုံး ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံထားရသူတစ်ဦး တွေ့ရှိတယ်လို့ အရာတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိလူနာက မန္တလေးမြို့ မဟာအောင်မြေ ဆီဆိုင်မှာ အလုပ်လုပ်ပြီး စက်တင်ဘာ ၄ ရက်နေ့က နေအိမ် ပြန်လာခဲ့တာဖြစ်ပါတယ်။ Home Quarantine... Read More
ရွှေဘို၊ ၀က်လက်၊ မုံရွာမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီး
စစ်ကိုင်းတိုင်းအတွင်း ပြည့်တန်ဆာလုပ်ငန်းတွေ ပပျောက်ရေးအတွက် တိုင်းရဲတပ်ဖွဲ့မှုးကနေ စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ရာ ရွှေဘို၊ ၀က်လက်၊ မုံရွာမြို့တွေမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်လုပ်ကိုင်နေကြတဲ့ နေအိမ်တွေကို ၀င်ရောက်စီးနင်းတာတွေကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို၀င်ရောက်စီးနင်းရာမှာ ပြည့်တန်ဆာခေါင်းဆောင်တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့တယ်လို့... Read More









