Home > သတင်း > တိုင်းရင်းသားကဏ္ဍ (Page 10)

ထန်တလန်မှာ လုပ်လုပ်မိုင်းပေါက်ကွဲတဲ့နေရာကို စစ်ဆေးရာကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ တရားခံကို ဖမ်းဆီးရမိခဲ့ဟု တပ်မတော်သတင်းထုတ်ပြန်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၁၁နာရီကျော်က လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အဲဒီပေါက်ကွဲခဲ့တဲ့နေရာကို စစ်ဆေးရာကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ လက်လုပ်မိုင်းပေါက်ကွဲခဲ့တဲ့နေရာကို လုံခြုံရေးပူးပေါင်းအဖွဲ့က...
Read More

လဟယ်မြို့နယ်က ကျောင်းဆရာမတစ်ဦးမှာ ကိုဗစ်သံသယ လက္ခဏာ တွေ့ရတာကြောင့် ဆေးရုံမှာ အသွားလာကန့်သတ်စောင့်ကြည့်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာကနေ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ကို ရောက်ရှိလာတဲ့ ကျောင်းဆရာမတစ်ယောက်မှာ ကိုယ်အပူချိန်မြင့်တက်ပြီး ကိုဗစ် သံသယ လက္ခဏာတွေ တွေ့ရတာကြောင့် ဆေးရုံမှာ အသွားလာကန့်သတ်ပြီး နှခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ရယူကာ မန္တလေးဓာတ်ခွဲခန်းကို ပို့ဆောင်ထားတယ်လို့ လဟယ်မြို့နယ်ကျန်းမာရေမှူး ဒေါက်တာသက်ဇင်အောင် ကပြောပါတယ်။ ကျောင်းဆရာမက...
Read More

ပလက်ဝမှာ မျှစ်ချိုးသွားတဲ့အမျိုးသမီးသုံးယောက် မိုင်းနင်းပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ မြို့မရပ်ကွက်ကနေ မြို့ပြင်တောတွင်းကို မျှစ်ချိုးသွားရာကနေ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး ကျန်နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိမှု စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ “ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း ပလက်ဝနဲ့ဆို ၄၊ ၅ ဖာလုံလောက်ပဲဝေးမှာပါ။...
Read More

ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ လူတစ်သောင်းကျော်စားဖို့ ဆန်ရိက္ခာက ၂ ရက်အတွက်ပဲကျန်

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်းပိုင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား မကြာခဏ စစ်ရေးထိတွေ့မှုတွေဖြစ်ပွားပြီး ဒေသခံ ပြည်သူတစ်သောင်းကျော်ဟာလဲ နေရပ်စွန့်ခွာလို့ ပက်လက်ဝမြို့နယ်ထဲက တိုက်ပွဲရှောင် (IDPs Camp ) အသီးသီးမှာ ခိုးလှုံနေထိုင်ကြပါတယ်။ အဲ့ဒီ တိုက်ပွဲရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာနှင့် ကူညီထောက်ပံ့ရေး...
Read More

မုံရွာမှာ ပြည်တွင်းစစ်ဆန့်ကျင်စာရွက်ကပ်ခဲ့တဲ့ ဗကသကျောင်းသားလေးဉီးအနက် တစ်ဉီးကို ဖမ်းဆီးထားပြီး သုံးဉီးကို ဖမ်းဝရမ်းထုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ တပ်မတော်နှင့် ပြည်တွင်းစစ်ကို ဆန့်ကျင်စာရွက်တွေ လိုက်လံကပ်ခဲ့တဲ့ မုံရွာခရိုင် ဗကသကျောင်းသားတစ်ဉီးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ နေအိမ်ကိုသွားရောက် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူက မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု...
Read More

ချင်းပြည်မှာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဉီး

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဦးရှိတယ်လို့ ချင်းပြည်နယ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဖေကီးက ပြောပါတယ်။ ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း ၂၁၀ ဦး...
Read More

တွန်းဇံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေသားအက်လာလို့ နေအိမ်တချို့ပြောင်းရွှေ့

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြေအက်ကွဲတာတွေဖြစ်ပေါ်နေပြီး လူနေအိမ်တစ်လုံး စက်တင်ဘာလ ၁၃ ရက်နေ့က ပြောင်းရွှေ့လိုက်ရပါတယ်။ တွန်းဇံမြို့မှာ အခုလ ၁၁ ရက်နေ့ကနေစတင်ကာ အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ မြေကြီးအက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာနေတဲ့အပြင် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ နေအိမ်တစ်လုံးက မြေကျွံပြိုကျမယ့်...
Read More

နာဂဒေသတွင် ကျွဲတွေ အမည်မသိရောဂါကြောင့် ၆ လတာကာအတွင်း အကောင်ရေ ၁၇၀ ဝန်းကျင်ထိ သေဆုံးမှုရှိနေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာ အမည်မသိရောဂါကြောင့် မတ်လကနေ ဒီနေ့ထိ ၆ လတာကာလအတွင်း ကျွဲအကောင်ရေ ၁၇၀ ဝန်းကျင်ထိ သေဆုံးနေတယ်လို့ နာဂဦးစီးအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ဒေသခံတွေကတော့ လည်ချောင်းကွဲရောဂါလို့ ယူဆထားကြပါတယ်။ ဒါပေမယ့် တိကျတဲ့ အဖြေတော့ မရရှိသေးပါဘူး။ “အရင်တုန်းက...
Read More

တိုင်းရင်းသားလူမျိုးတွေရဲ့ ပွဲတော်အခမ်း အနားတွေကို တစ်နှစ်ထက်တစ်နှစ် စည်ကားအောင် ကျင်းပပေးဖို့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဌပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူ မျိုးတွေရဲ့ ပွဲတော် အခမ်းအနားတွေကို တစ်နှစ်ထက်တစ်နှစ် စည်ကားအောင်ကျင်းပပေးဖို့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီက ဥက္ကဌက ပြောပါတယ်။ ဩဂုတ်လ(၁၇)ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ တိုင်းရင်းသား...
Read More
1 8 9 10
error: Content is protected !!