Covid19 ဒုတိယလှိုင်းကြောင့် ဟုမ္မလင်းမြို့နယ်က နမ့်တောစျေးမှာ စျေးဝယ်သူ မရှိသူနည်းပါးနေလို့ ဈေးသည်တွေ အခက်အခဲဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ တကျော့ပြန်ဖြစ်ပွားလာတဲ့ covid 19 ကပ်ရောဂါကြောင့် တနေ့ထက်တနေ့ ရောဂါပိုးတွေ့ရှိမှု မြင့်မားလာနေပြီး သေဆုံးမှုလည်း များပြားလာနေတာပါ။ဒါကြောင့် အသွားအလာအကန့်အသတ်တွေနဲ့ home stay နေထိုင်မှုတွေများပြားလာတဲ့အတွက် နေရာဒေသအနှံ့အပြားမှာ အရောင်းအဝယ်တွေ ကျဆင်းလာနေတာဖြစ်ပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲက နမ်တောစံပြစျေးမှာ စျေးဝယ်သူမရှိသလောက်နည်းပါးနေတာပါ။... Read More
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုနှစ် ဖရဲသခွား မိုးရာသီစိုက်ပျိုးကာလမှာ စိုက်ဧက (၉၀) ရာခိုင်းနှုန်းအထိကျဆင်းနေ
ရိုက်ကူး-ထွန်းလင်းဦး/ တင်ဆက်-AKL စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုနှစ်မိုးရာသီ ဖရဲစိုက်ပျိုးချိန်ကာလမှာ ဖရဲစိုက်ပျိုးမှု (၉၀) ရာခိုင်နှုန်းအထိ လျော့နည်း လာတာပါ။ဖရဲသခွားစိုက် တောင်သူတွေအနေနဲ့ တရုတ်စျေးကွက် တခုတည်းကိုသာ အားထား စိုက်ပျိုးနေကြတာဖြစ်ပြီး အခုနှစ်မှာ covid 19 ကူးစက်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် စိုက်ပျိုးသူ နည်းပါးလာတာလဲဖြစ်ပါတယ်။... Read More
တကျော့ပြန်ကိုဗစ်ရောဂါကြောင့် မုံရွာမြို့က ငုံးမွေးမြူရေးလုပ်ငန်းတွေ ထိခိုက်မှုရှိနေ
နိုင်ငံတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု တကျော့ပြန်မြင့်တက်လာတဲ့အတွက် ငုံးမွေးမြူရေးလုပ်ငန်းတွေ ထိခိုက်မှုရှိလာတယ်လို့ မုံရွာမြို့နယ်မှာရှိတဲ့ ငုံးခြံလုပ်ငန်းရှင်တွေက ပြောပါတယ်။ ကိုဗစ်ပထမအကြိမ်အပြီးမှာ ဈေးနှုန်းပြန်လည် မြင့်တက်လာတဲ့ ငုံးဥဈေးနဲ့ ငုံးဈေးဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး တနေ့ထက်တနေ့ ဈေးနှုန်းကျဆင်းလာကာ လက်ရှိအချိန်မှာတော့ ငုံဥတစ်လုံးကို (၁၅) ကျပ်နဲ့သာ ရောင်းချနေကြရတယ်လို့... Read More
ကိုဗစ်ကပ်ရောဂါကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးရေယာဉ်လိုင်းတွေကို ရက်အကန့်အသတ်မရှိ ယာယီပိတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အခြေပြုကာ ချင်းတွင်းမြစ်အထက်ပိုင်းကို ပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကာ ပိတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ COVID... Read More
ကိုဗစ်ကပ်ရောဂါပိုး ကူးစက်လာလို့ ချင်းတွင်းမြစ်အတွင်း ခရီးသည်ရေယာဉ်ပြေးဆွဲမှုကို ယာယီရပ်နားထားရန် တိုင်းအစိုးရထံတင်ပြ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကနေ ချင်းတွင်းမြစ်အထက်ပိုင်းပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို ကိုဗစ်ကပ်ရောဂါကူးစက်လာနိုင်တဲ့အတွက် ယာယီရပ်နားထားဖို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) ကနေ တိုင်းအစိုးရကို စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ တင်ပြထားတယ်လို့ ရစက တာဝန်ရှိသူက ပြောပါတယ်။ “မြန်မာတစ်နိုင်ငံလုံးမှာ... Read More
မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်း
COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေလတင်းကြပ်လိုက်တာကြောင့် မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်းသွားတယ်လို့ မုံရွာကုန်စည်ဒိုင်လအတွင်းရေးမှူ ဦးဇော်မိုး ကပြောပါတယ်။ တိုင်းအတွင်းမှာ COVID ကပ်ရောဂါကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ဆက်တိုက်တွေ့ရှိလာပြီး စည်းကမ်းတင်းကြပ်လိုက်တာကြောင့် နယ်တွေဘက်ကလာရောင်းတဲ့ တောင်သူတွေ လျော့ကျသွားသလို ရန်ကုန်မှာရှိတဲ့ ကုန်သည်တစ်ချို့ကလည်း အ၀ယ်ရပ်သွားတဲ့အတွက်... Read More
Covid ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို ယာယီပိတ်
လတ်တလော ဖြစ်ပွားနေတဲ့ Covid -19 ကူးစက်မြန်ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ရှိ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်တယလို့ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးတိုက်နယ်ရှိ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းကနေ... Read More
ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် လိုအပ်ရင် ညဈေးတန်းတွေ ပိတ်မယ်လို့ စစ်ကိုင်းတိုင်းစည်ပင်ဝန်ကြီး ပြောကြား
ကိုဗစ်ကပ်ရောဂါက စစ်ကိုင်းတိုင်းအတွင်းက မြင်းမူ၊ ကလေး စတဲ့မြို့တွေမှာပါ ထပ်မံတွေ့ရှိလာနေတာပါ။ ဒီအတွက် လိုအပ်ရင် ညဈေးတန်းတွေကို ပိတ်မယ်လို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီးက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ညစျေးတန်းတွေကို လိုအပ်ရင် ပိတ်ဖို့ အစီအစဉ်ရှိပေမယ့် အခုလက်ရှိမှာတော့ မပိတ်သေးဘဲ ဆက်လက်ရောင်းချခွင့်ပြုထားတာ... Read More
ကိုဗစ်ကာလ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော လျှော်ဖြူစျေးကွက် ကျဆင်းလို့ တောင်သူတွေ အခက်တွေ့
စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိတဲ့ လျှော်ဖြူအစေးစျေးကွက်က ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း အရင်နှစ်တွေထက် စေ◌ျးနှုန်း ကျင်းနေပြီး တောင်သူတွေ ဝင်ငွေအခက်အခဲ ဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးဇော်မင်းက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က လျှော်ဖြူအစေး ၁ ပိသာကို ငွေကျပ်... Read More







