Home > သတင်း > စီးပွားရေး > စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုနှစ် ဖရဲသခွား မိုးရာသီစိုက်ပျိုးကာလမှာ စိုက်ဧက (၉၀) ရာခိုင်းနှုန်းအထိကျဆင်းနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုနှစ် ဖရဲသခွား မိုးရာသီစိုက်ပျိုးကာလမှာ စိုက်ဧက (၉၀) ရာခိုင်းနှုန်းအထိကျဆင်းနေ

ရိုက်ကူး-ထွန်းလင်းဦး/ တင်ဆက်-AKL

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုနှစ်မိုးရာသီ ဖရဲစိုက်ပျိုးချိန်ကာလမှာ ဖရဲစိုက်ပျိုးမှု (၉၀) ရာခိုင်နှုန်းအထိ လျော့နည်း လာတာပါ။
ဖရဲသခွားစိုက် တောင်သူတွေအနေနဲ့ တရုတ်စျေးကွက် တခုတည်းကိုသာ အားထား စိုက်ပျိုးနေကြတာဖြစ်ပြီး အခုနှစ်မှာ covid 19 ကူးစက်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် စိုက်ပျိုးသူ နည်းပါးလာတာလဲဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဆောင်းရာသီစိုက်ပျိုးကာလမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖရဲသခွားစိုက်ဧက (၁) သောင်းဝန်းကျင်ခန့် စိုက်ပျိုးခဲ့ကြပြီး သီးနှံပေါ်ချိန်မှာ covid 19 ကူးစက်ရောဂါ ပေါ်ပေါက်လာတာကြောင့် ဖရဲသခွားစိုက်တောင်သူ (၉၀) ရာခိုင်နှုန်း အရှုံးပေါ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိ ဖရဲစိုက်ပျိုးနေတဲ့တောင်သူတွေမှာ ပြည်တွင်းစျေးကွက်ကိုသာ အားထားစိုက်ပျိုးနေကြ တာဖြစ်ပြီး covid အခြေအနေအရ ပြည်တွင်းစျေးကွက်မှာလဲ သေချာမှုမရှိသလို ဖြစ်နေတယ်လို့ မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာက ဖရဲသခွားစိုက်တောင်သူတဦးကပြောပါတယ်။

ဖရဲ စိုက်တောင်သူတွေမှာ စိုက်ပျိုးစရိတ်အနေနဲ့ တဧကကို (၁၅) သိန်းကနေ (၂၅) သိန်းအထိ ကုန်ကျတာလဲဖြစ်ပါတယ်။ စျေးကွက်တင်ပို့ရောင်းချချိန်မှာ ဖရဲတကီလိုကိုအနည်းဆုံး (၂) ယွမ်အထက်ရရှိမှသာအဆင်ပြေကြပေမယ့် လက်ရှိမှာတကီလိုကို (၁) ယွမ်ကျော်သာ ပေါက်စျေးရှိနေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈-၁၉) ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ ဖရဲသခွားတန်ချိန် (၇၄၈၄၇၂) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၆၆.၄၅၂၉) သန်းကျော်နဲ့ သခွားမွှေးတန်ချိန် (၁၅၈၀၆၉)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၂.၂၃၄၅) သန်းကျော်ဖိုးအထိ တရုတ်ပြည်စျေးကွက်ကို တင်ပို့ရောင်းချခဲ့တာလဲဖြစ်ပါတယ်။

error: Content is protected !!