Home > သတင်း > စစ်ရေး (Page 8)

အမ်းမြို့နယ်က စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရ

အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က မတ်လ ၈ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရတာရှိတယ်လို့ AA Info desk က ဒီကနေ့မှာ...
Read More

ပုလဲနယ်မှာ စစ်ကော်မရှင်တပ်က တရက်ထဲ နှစ်ကြိမ်လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ခြမ်းတနေရာကို စစ်ကော်မရှင်တပ်က မတ်လ ၁၁ ရက်နေ့ တရက်ထဲ နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ဖက်စစ်ရေးတင်းမာနေကြတဲ့ ပုလဲမြို့နယ်မြောက်ခြမ်းက နေရာအချို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစလို့ မြေပြင်စစ်ကြောင်းတွေအပါအဝင် လေကြောင်းသုံးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။...
Read More

ထီးချိုင့်မြို့နယ်မှာ သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ ၊ အရပ်သား ၁၃ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းက ရွာအချို့ကို စစ်ကော်မရှင်တပ်က သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ Tigyaing Revolution – TR က သတင်းထုတ်ပြန်လိုက်တာပါ။ စစ်ကော်မရှင်တပ်ဟာ မတ်လ ၈...
Read More

နတ်လာပို့ရွာ အလှုပွဲကို စစ်ကော်မရှင်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးပစ်ခတ် ၊ ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ယင်းမာပင်မြို့နယ်အစပ်မှာရှိတဲ့ နတ်လာပို့ရွာက အလှုပွဲကို စစ်ကော်မရှင်တပ်က မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ အလှုဧည့်ခံချိန်နဲ့ ဆွမ်းကပ်နေချိန် လူအုပ်ထဲကို ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင်...
Read More

အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်နဲ့အတူ Kalay UG ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် တောင်ပိုင်းမှာ မတ်လ ၅ ရက်နေ့က အာဏာသိမ်းစစ်တပ် တပ်သား ၁ ဦးကို လက်နက်နဲ့အတူ ဖမ်းဆည်းရမိခဲ့တယ်လို့ Kalay Urban Guerilla(Kaly UG) က ဒီကနေ့ မတ် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်က...
Read More

ကနီနဲ့ယင်းမာပင်နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထောင်နဲ့ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ယင်းမာပင်မြို့နယ်တွေမှာ မတ်လ ၇ ရက် မနက်ပိုင်းကစလို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ချင်းတွင်းတံတားထိပ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ကနီမြို့နယ် တွင်းမရွာအနီးမှာ ရောက်ရှိနေပြီး ဆားလင်းကြီးမြို့နယ် ယန်စီကြေးနီစီမံကိန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့အနီးကို...
Read More

စစ်ကိုင်းတိုင်းမှာ စက်သုံးဆီတွေ ပြတ်လပ်ပြီး စျေးနှုန်းများမြင့်တက်

စစ်ကိုင်းတိုင်းထဲက မြို့ပြနဲ့ကျေးလက်ဒေသတွေမှာ မတ်လ ၄ ရက်နေ့ကစလို့ စက်သုံးဆီတွေ ပြတ်လပ်‌နေပြီး စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ စက်သုံးဆီအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ အချို့မြို့ပြဒေသတွေမှာ စက်သုံးဆီကို ခွဲတမ်းနဲ့ ဝယ်ယူနေကြရပြီး ရက်ကြာလာတာနဲ့အမျှ ပြတ်လပ်ကုန်တော့မှာဖြစ်ကာ ရေရှည်အခက်ခဲတွေ ဖြစ်ပေါ်လာကြမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ “မြို့ပြတောင်...
Read More

ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရက်ထဲ အရပ်သား ၇ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က နေရာအချို့ကို စစ်ကော်မရှင်တပ်က မတ်လ ၄ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် တရက်အတွင်း အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ် မြောက်ပိတောက်ကုန်းရွာကို မတ်လ ၄ ရက်နေ့က...
Read More

ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ပိတောက်ကုန်းရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့ မတ်လ ၄ ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေဖြတ်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ အရွယ်ရှိ အမျိုးသားတစ်ဦးတို့...
Read More
error: Content is protected !!