အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦး တမူးမြို့ကိုရောက်ရှိ
အိန္ဒိယနိုင်ငံကနေ နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို တမူးမြို့၊ အမှတ် ၁ နယ်စပ်ဂိတ်ကတစ်ဆင့် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက တမူးမြို့ကို ဝင်ရောက်လာတယ်လို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ တမူးမြို့မှာ နေရပ်ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား... Read More
ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး စတင်တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦးထံကနေ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်ရောဂါပိုးတွေ့လူနာက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ကနေ အလုပ်လုပ်ပြီး ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က ရောက်ရှိခဲ့ပြီး... Read More
ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် မုံရွာမြို့တွင် Fever Clinic ဆေးခန်း ပြန်ဖွင့်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ Fever Clinic ဆေးခန်းကို လာမယ့်စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ Save Monywa အဖွဲ့ခေါင်းဆောင် ဦးအောင်နေမျိုးက ပြောပါတယ်။ လတ်တလောမှာ ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှုတွေက များလာနေပြီး ရိုးရိုးဖျားတာလား၊ ကိုဗစ်ကြောင့်လားဆိုတာ ကနဦးခွဲခြားနိုင်အောင် Fever... Read More
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ လူဦးရေ ၁၂ဉီးအထိရှိလာ
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလ ဒုတိယပတ်ကနေ စတင်ကာ ၁၇ ရက်နေ့အထိ မြို့နယ် ၁၀ မြို့နယ်မှာ ကိုဗစ်ကူးစက်ခံနေရသူ လူဦးရေ ၁၂ ဉီးအထိ ရှိလာပြီလို့ သိရပါတယ်။ အခုလို ကူးစက်ခံနေရတဲ့သူတွေဟာ ပြည်ပကူးစက်မှုအနေနဲ့ တစ်ယောက်သာရှိခဲ့ပြီး... Read More
ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု ကြုံတွေ့နေရ
လက်ရှိအချိန်မှာ မြန်မာနိုင်ငံ အတွင်း COVID-19 အတည်ပြုလူနာ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၃၉၀၀ နီးပါး ရှိလာပြီဖြစ်သလို သေဆုံးသူကလည်း ၄၆ ဦးထိ ရှိလာနေပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ တကျော့ပြန် ကူးစက်မှုမြင့်တက်လာတဲ့... Read More
ဒီပဲယင်းမြို့နယ်တွင် ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာတွင် Quarantine ဝင်နေတဲ့ ရန်ကုန်ပြန် အမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ ကျေးရွာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာရယူကာ ဓာတ်ခွဲစမ်းသပ်ဖို့ မန္တလေးကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဒီမနက်မှာတော့ ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။... Read More
ကိုဗစ်ကပ်ရောဂါကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးရေယာဉ်လိုင်းတွေကို ရက်အကန့်အသတ်မရှိ ယာယီပိတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အခြေပြုကာ ချင်းတွင်းမြစ်အထက်ပိုင်းကို ပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကာ ပိတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ COVID... Read More
စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်အချို့ မဲဆွယ်စည်းရုံးမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယာယီရပ်နား
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ကိုဗစ်ကူးစက်ခံနေရတဲ့ အတည်ပြုလူနာတွေ တိုးလာနေတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သူတို့ရဲ့ မဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားလိုက်ပါတယ်။ အခုလိုမဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားခဲ့ရတာက ဗစ်ကူးစက်ရောဂါ ပြန့်ပွားမှုနှုန်း မတိုးပွားလာစေရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ပါတီက မဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားခဲ့ပေမယ့် ပါတီကိုထောက်ခံကြတဲ့ အုပ်စုတွေကတော့ အုပ်စုဖွဲ့ လှည့်လည်မဲဆွယ်မှုတွေလည်း... Read More
ကလေးမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စတင် စစ်ဆေးတော့မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။ “ကိုဗစ်-၁၉ ရောဂါပိုးစစ်နိုင်မယ့်စက်ကို ငွေကျပ်သိန်း ၃၀၀ ကျော်နဲ့ ကလေးမြို့ဆေးရုံကို အထောက်အကူပြုနေတဲ့ မိသားစုတွေနဲ့ အခြားအလှူရှင်တွေက လှူထားတာရှိတယ်။... Read More









