Home > စစ်အာဏာရှင်ဆန့်ကျင်ရေး (Page 3)

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်က နေအိမ်မီးရှို့နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းကျေးရွာက နေအိမ်တချို့ကို စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်က စစ်ကောင်စီအကြမ်းဖက်တပ်ကနေ ရွာထဲဝင်လာပြီး မီးရှို့နေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ လက်ရှိမှာ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြတဲ့အတွက် အိမ်ဘယ်နှစ်လုံးမီးလောင်နေတယ်ဆိုတာနှင့် ဖမ်းဆီးခံရသူအရေအတွက်...
Read More

လက်ပံတောင်းအရေးဆောင်ရွက်သူ ဇီးတောဆရာတော်ကျောင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေ ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ဇီးတောရွာသစ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက စက်တင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောင်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို ဝင်ရောက်ဖျက်ဆီးတာက ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း။ပထမအကြိမ် လာရောက်ခဲ့သေးတယ်လို့ သိရပါတယ်။ “ဘာကြောင့်လာတာလည်း...
Read More

မုံရွာက ယာဉ်ထိန်းရဲတဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း MPDF ကြေငြာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့် မီးပွိုင့်မှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ မုံရွာ PDF မြို့ပြပြောက်ကျားအဖွဲ့က ကြေငြာပါတယ်။ အဆိုပါယာဉ်ထိန်းရဲကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲကတော့ သေဆုံးသွားပြီလို့...
Read More

မုံရွာတွင် ယာဉ်ထိန်းရဲတဦး သေနတ်နဲ့ ပစ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ မီးပွိုင့်တွင် တာဝန်ကျ ယာဉ်ထိန်းရဲတဦး စက်တင်ဘာလ ‌၂၂ ရက်နေ့ နေ့လည်ပိုင်းက သေနတ်နဲ့ ပစ်ခံရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဘယ်သူတွေက ဘာကြောင့် ပစ်သွားတယ်ဆိုတာ မသိရသေးသလို သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲ သေဆုံးမှုရှိမရှိဆိုတာတော့...
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ် နိုင်ငံ ၅ နိုင်ငံမှာ ခန့်အပ်ထား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်တွေကို နိုင်ငံပေါင်း ၅ နိုင်ငံမှာ ခန့်အပ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က ကိုရီးယားနိုင်ငံ အပါအဝင် ဩစတေးလျ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ချက်သမ္မတနိုင်ငံတွေမှာ NUG ကိုယ်စားလှယ်တွေကို အဲဒီနိုင်ငံတွေရဲ့...
Read More

ကောလင်းတွင် ပြည်သူတစ်ယောက်ကို ပစ်သတ်လို့ ရဲစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် မတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက ရဲကနေ အကြမ်းဖက် ပစ်ခတ်ခဲ့လို့ ပြည်သူတစ်ယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဒီအတွက် ပြည်သူအင်အား ရာထောင်ချီကာရဲစခန်းကို သွားရောက်ကာ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အခုညနေ ၄ နာရီခွဲအထိတော့...
Read More

စစ်တပ်က အာဏာသိမ်းစဉ်ကနေ မတ်လ ၁၄ ရက်နေ့ထိ ဖမ်းဆီးတရားစွဲဆိုခံထားရသူပေါင်း ၂၁၅၆ ဦးရှိကြောင်း AAPP ထုတ်ပြန်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အရပ်သားအစိုးရထံကနေ အာဏာသိမ်းယူခဲ့ပါတယ်။ စတင်အာဏာသိမ်းယူစဉ်ကနေ မတ်လ ၁၄ ရက်နေ့ထိ ၄၃ ရက်တာကာလအတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးတရားစွဲဆို၊...
Read More
error: Content is protected !!