ကောလင်းမှာ COVID-19 ကာလအတွင်း KTV ဖွင့်လှစ်ခဲ့တဲ့ မန်နေဂျာနှင့် ဆိုင်၀န်ထမ်းတွေကို ထောင်ဒဏ်တစ်နှစ်ခွဲစီ ချမှတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှာ COVID-19 ကာလအတွင်း ခွင့်ပြုချက်မရှိဘဲ KTV ဖွင့်လှစ်ခဲ့တဲ့ မန်နေဂျာနှင့် ဆိုင်၀န်ထမ်း ၅ ဦးအပါအဝင် စုစုပေါင်း ၆ ဦးကို စက်တင်ဘာလ ၂၁ရက်နေ့က ကောလင်းမြို့နယ်တရားရုံးကနေ ထောင်ဒဏ်တစ်ခွဲစီ အသီးသီးချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄... Read More
မုံရွာမြို့တွင် Fever Clinic ဆေးခန်း ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက် လူငယ်စင်တာမှာ စက်တင်ဘာလ ၂၁ ရက်နေ့က Fever Clinic ဆေးခန်းကို ဒုတိယအကြိမ်အဖြစ် ပြန်လည် ဖွင့်လှစ်လိုက်တယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်း (မုံရွာ) ဒုဥက္ကဌ ဒေါက်တာ ဒေါ်မြင့်မြင့်သိန်းက ပြောပါတယ်။ အဲဒီဆေးခန်းကို ဆရာဝန်အသင်း (မုံရွာ)... Read More
ရခိုင်အရေး စတစ်ကာ ကမ်ပိန်းလှုူပ်ရှားခဲ့တဲ့ လူငယ်တချို့ ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ စက်တင်ဘာလ ၂၀ ရက်နေ့က ရခိုင်အရေးနဲ့ပတ်သက်ပြီး စာရွက်တွေလိုက်လံကပ်ခဲ့တဲ့ အမည်မသိ လူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မျက်မြင်တွေက မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။ ဖမ်းဆီးခံနေရတဲ့ အမည်မသိသုံးဦးကို မုံရွာမြို့အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားလည်း ဖြစ်ပါတယ်။ သူတို့သုံးဦးက... Read More
ဟုမ္မလင်းက အတည်ပြုလူနာနှင့် ဆက်စပ်ခဲ့သူ ၇ ဦးကို SWAB ယူစစ်ဆးနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ ဟုမ္မလင်းမြို့မှာ တွေ့ရှိတဲ့ ကိုဗစ်အတည်ပြုလူနာနဲ့ ဆက်စပ်ခဲ့တဲ့ ၀န်ထမ်းတစ်ဦးအပါအ၀င် လူ၇ဦးရဲ့ နှာခေါင်းအာခေါင်တို့ဖတ်တွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနက ရယူပြီး မန္တလေးဓာတ်ခွဲခန်းကို ပေးပို့ထားတယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်းဝင်းက ပြောပါတယ်။ ဒါ့အပြင် ခန္တီးမြို့မှာ Quarantine... Read More
ကသာမြို့နှင့် ရွှေဘိုမြို့တွင် Quarantine ဝင်နေသူနှစ်ဦးထံမှ ကိုဗစ်ရောဂါပိုးတွေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာနှင့် ရွှေဘိုမြို့တွင် Quarantine ဝင်နေသူနှစ်ဦးထံကနေ စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကသာမြို့... Read More
တကျော့ပြန်ကိုဗစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ခံရသူ ၁၄ ဉီးထိရှိလာ
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိရသူ ၁၄ ဦး မြို့နယ်အနေနဲ့ ၁၁ မြို့နယ်ထိ ရှိလာနေပြီဖြစ်ပါတယ်။ အခုလို ကူးစက်ခံနေရတဲ့သူတွေထဲမှာ ပြည်ပကူးစက်မှုအနေနဲ့ တရုတ်နိုင်ငံကနေ နေရပ်ပြန်လည်ရောက်ရှိလာသူ တစ်ယောက်သာရှိခဲ့ပြီး ကျန်တာတွေက ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပါတယ်။... Read More
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦး တမူးမြို့ကိုရောက်ရှိ
အိန္ဒိယနိုင်ငံကနေ နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို တမူးမြို့၊ အမှတ် ၁ နယ်စပ်ဂိတ်ကတစ်ဆင့် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက တမူးမြို့ကို ဝင်ရောက်လာတယ်လို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ တမူးမြို့မှာ နေရပ်ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား... Read More
ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး စတင်တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦးထံကနေ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်ရောဂါပိုးတွေ့လူနာက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ကနေ အလုပ်လုပ်ပြီး ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က ရောက်ရှိခဲ့ပြီး... Read More
မုံရွာမြို့ ကန်သာယာ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောက်တိုဘာလအတွင်း ပြီးစီးရန်မျှော်မှန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ကန်သာယာ သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကို တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ ကန်သာယာပတ်လမ်း၊ စတီးလက်ရမ်း၊ မြေထိန်းကျောက်စီတာ စတဲ့ လုပ်ငန်းတွေကို တင်ဒါတွေနဲ့ ဇူလိုင်လကစတင် လုပ်ဆောင်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမတိုင်ခင်... Read More
ပလက်ဝမှာ မျှစ်ချိုးသွားတဲ့အမျိုးသမီးသုံးယောက် မိုင်းနင်းပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ မြို့မရပ်ကွက်ကနေ မြို့ပြင်တောတွင်းကို မျှစ်ချိုးသွားရာကနေ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး ကျန်နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိမှု စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ “ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း ပလက်ဝနဲ့ဆို ၄၊ ၅ ဖာလုံလောက်ပဲဝေးမှာပါ။... Read More