By

မျက်မှောက်ခေတ်

ရွှေဘို၊ ၀က်လက်၊ မုံရွာမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီး

စစ်ကိုင်းတိုင်းအတွင်း ပြည့်တန်ဆာလုပ်ငန်းတွေ ပပျောက်ရေးအတွက် တိုင်းရဲတပ်ဖွဲ့မှုးကနေ စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ရာ ရွှေဘို၊ ၀က်လက်၊ မုံရွာမြို့တွေမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်လုပ်ကိုင်နေကြတဲ့ နေအိမ်တွေကို ၀င်ရောက်စီးနင်းတာတွေကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို၀င်ရောက်စီးနင်းရာမှာ ပြည့်တန်ဆာခေါင်းဆောင်တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့တယ်လို့...
Read More

ဟုမ္မလင်းမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ခြေ ၂၅ လုံးပြောင်းရွှေ့ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၂၅ လုံး ပြောင်းရွှေ့ထားရပါတယ်။ ကမ်းပါးများပြိုကျမှုကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ ဟုမ္မလင်းမြိုနယ်၊ မင်းသာယာကျေးရွာမှာ လူနေအိမ်ခြေ ၂၄ လုံးနှင့် ရေတဲကျေးရွာမှာ လူနေအိမ်ခြေ ၁ လုံး...
Read More

စစ်ကိုင်းတိုင်းမှာ တပတ်အတွင်း မြို့နယ် (၈) ခုမှာ ပိုးတွေ့လူနာ (၁၀) ဦးထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ မနက်ပိုင်းအထိ တပတ်အတွင်း မြို့နယ် (၈) မြို့နယ်မှာ COVID-19 ပိုးတွေ့အတည်ပြုလူနာ (၁၀) ယောက်အထိ ရှိလာနေပြီဖြစ်ပါတယ်။ ပိုးတွေ့ အတည်ပြုလူနာတွေက ကလေးမြို့နယ်က (၃) ယောက်၊ မြင်းမူ၊...
Read More

စစ်ကိုင်းမြို့နယ်က လေးကောင်ဂျင်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာနှင့် ကျောက်ဆည်ကျေးရွာ အကြားရှိ ပြောင်းစိုက် ယာခင်းအတွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်က စစ်ကိုင်းမြို့ရှိ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသတင်းတွေအရ...
Read More

ကိုဗစ်ကပ်ရောဂါပိုး ကူးစက်လာလို့ ချင်းတွင်းမြစ်အတွင်း ခရီးသည်ရေယာဉ်ပြေးဆွဲမှုကို ယာယီရပ်နားထားရန် တိုင်းအစိုးရထံတင်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကနေ ချင်းတွင်းမြစ်အထက်ပိုင်းပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို ကိုဗစ်ကပ်ရောဂါကူးစက်လာနိုင်တဲ့အတွက် ယာယီရပ်နားထားဖို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) ကနေ တိုင်းအစိုးရကို စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ တင်ပြထားတယ်လို့ ရစက တာဝန်ရှိသူက ပြောပါတယ်။ “မြန်မာတစ်နိုင်ငံလုံးမှာ...
Read More

မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်း

COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေလတင်းကြပ်လိုက်တာကြောင့် မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်းသွားတယ်လို့ မုံရွာကုန်စည်ဒိုင်လအတွင်းရေးမှူ ဦးဇော်မိုး ကပြောပါတယ်။ တိုင်းအတွင်းမှာ COVID ကပ်ရောဂါကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ဆက်တိုက်တွေ့ရှိလာပြီး စည်းကမ်းတင်းကြပ်လိုက်တာကြောင့် နယ်တွေဘက်ကလာရောင်းတဲ့ တောင်သူတွေ လျော့ကျသွားသလို ရန်ကုန်မှာရှိတဲ့ ကုန်သည်တစ်ချို့ကလည်း အ၀ယ်ရပ်သွားတဲ့အတွက်...
Read More

မုံရွာမြို့မှ တိုင်းကျော်ပြေးဆွဲနေသာ ခရီးသည်တင်ယာဉ်လိုင်းများကို စတင်ပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အခြေစိုက်ကာ တခြားတိုင်းနှင့် ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေကို စက်တင်ဘာ ၁၂ ရက်နေ့ကစတင်ကာ ပိတ်လိုက်ကြောင်း မုံရွာမြို့ ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ ဥက္ကဌ ဦးရဲထွန်းအောင်က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါက တခြားတိုင်းနှင့် ပြည်နယ်တွေအပြင်...
Read More

ကောလင်းမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ယာယီရပ်နားထားဖို့ မြို့နယ်ရွေး/ကော် ညွှန်ကြားထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ပြန်သွားမယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦး၀င်းကိုကိုက ပြောပါတယ်။ ကောလင်းမြို့နယ်အတွင်းမှာ COVID-19 အတည်ပြုလူနာ တွေ့ရှိပြီးတဲ့နောက် မြို့နယ်တာ၀န်ရှိသူတွေက Stay at home ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးတာတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ရတာဖြစ်တယ်လို့...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူ ၇ ဦး အထိရှိလာ

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံထားရသူ ခုနှစ်ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို တွေ့ရှိခဲ့တဲ့အထဲမှာ မော်လိုက်မြို့နယ်က တပ်မတော်သားတစ်ဉီးလည်း ပါ၀င်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ ကလေးမြို့နယ်က ကိုဗစ်အတည်ပြုလူနာက အမျိုးသားတစ်ဦးဖြစ်ကာ တရုတ်နိုင်ငံကနေ...
Read More

Covid ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို ယာယီပိတ်

လတ်တလော ဖြစ်ပွားနေတဲ့ Covid -19 ကူးစက်မြန်ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ရှိ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်တယလို့ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးတိုက်နယ်ရှိ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းကနေ...
Read More
error: Content is protected !!