စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်တွေမှာ မေလ ၂ ရက်နေ့က စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူနေအိမ်တွေ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ် ။
စစ်ကောင်မရှင်တပ်ဟာ ကနီမြို့နယ် မုံရွာ – ယာကြီး – ကလေးဝသွားကားလမ်းမပေါ်မှာရှိတဲ့ ပေါက်အင်းတောမှာ အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်။
“ကနီနယ်မှာတော့ ဒီကနေ့ လေကြောင်းတိုက်ခိုက်တာရှိတယ်။ လူနေအိမ်အချို့ မီးရှို့တာရှိတယ် ။ မြေပြင်စစ်ကြောင်းလည်းရှိတယ်။ ယင်းမာပင်နယ်မှာတော့ ဆင်စွယ်ရွာမှာ တပ်စွဲပြီး အင်းတောရွာက လူနေအိမ်တွေ မီးရှို့တာရှိတယ်။ မီးလောင်တဲ့ အိမ်ခြေအတိအကျတော့ မသိရသေးဘူး”လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂ ရက်နေ့ ဒီကနေ့ညနေပိုင်းမှာ ကနီမြို့နယ် မုံရွာ – ယာကြီး – ကလေးဝသွားကားလမ်းမပေါ်မှာရှိတဲ့ ပေါက်အင်းတောက နေရာအချို့ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ် ။
ဒါ့အပြင် ယင်းမာပင်မြို့နယ် အင်းတောရွာက လူနေအိမ်အချို့ကိုလည်း မေလ ၂ ရက်နေ့ ဒီကနေ့မှာ မီးရှို့ဖျက်စီးခဲ့ပါသေးတယ်။
ပုံစာ – စစ်ကောင်စီတပ်တွေ မီးရှို့နေတဲ့ ယင်းမာပင်မြို့နယ် အင်းတောရွာကို တွေ့ရစဉ် ( Photo – အညာမြေပုလဲ)






