Home > သတင်း > စစ်ရေး > စစ်ရေး > ယင်းမာပင်မြို့နယ်မှာ ၁ ရက်ထဲ လေကြောင်း ၂ ကြိမ်တိုက်ခိုက်ခံရ

ယင်းမာပင်မြို့နယ်မှာ ၁ ရက်ထဲ လေကြောင်း ၂ ကြိမ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အနောက်ခြမ်းနဲ့ မြောက်ခြမ်း​ဒေသမှာ စစ်ကော်မရှင်တပ်က ဧပြီလ ၃၀ ရက်နေ့က တရက်ထဲ လေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်း​ဒေသလေကြောင်းတိုက်ခိုက်မှုမှာ ဘာသာရေးအဆောက်အဉီးအချို့ ထိခိုက်ပျက်စီးခဲ့ရသလို ယင်းမာပင်မြို့အနောက်ခြမ်းဒေသ လေကြောင်းတိုက်ခိုက်မှုမှာတော့ ထိခိုက်မှုအခြေအနေမသိရသေးဘူးလို့ ပြောပါတယ်။

“ယင်းမာပင်နယ်မြောက်ခြမ်းမှာတော့ ဘာသာရေးအ​ဆော​က်အဉီးတွေ ပျက်စီးတယ်။ အနောက်ခြမ်းအခြေအနေကတော့ မသိရသေးဘူး ။ မြေပြင်စစ်ကြောင်းထိုးနေတာတွေရှိတယ်” လို့ ယင်းမာပင်မြို့နယ်ဒေသခံတစ်ဉီးက ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အစပ်မှာ စစ်ကော်မရှင်တပ်က အင်အား ၄၀၀ လောက်နဲ့ မြေပြင်စစ်ကြောင်းထိုးနေတာတွေရှိနေ​တယ်လို့ သိရပါတယ်။

ဧပြီလဆန်းကစလို့ စစ်ကော်မရှင်တပ်ဟာ ယင်းမာပင်မြို့နယ် ဆင်စွယ်ရွာမှာ အင်အား ၅၀၀ လောက်နဲ့ တပ်စွဲထားပြီး စ​စ်ကော်မရှင်တပ်က မြေပြင် ၊ ဝေဟင်တွေ သုံးပြီး ထိုးစစ်ဆင်လာနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ပုလဲနယ်နဲ့ယင်းမာပင်နယ်အစပ်က ရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ – ယင်းမာပင်မြို့နယ်မှာ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုန်းတော်ကြီးကို တွေ့ရစဉ်။

error: Content is protected !!