ရေခြားမြေခြားအရပ်က ရင်ဖွင့်စာ
အရင်က ဥယျာဉ်မှူး အခုရွှေ့ပြောင်းလုပ်သား
(မျက်မှောက်ခေတ်)
ကျွန်တော် မြန်မာပြည်မှာနေတုန်းက ကျောင်းဆရာတစ်ယောက်လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော်အလယ်တန်းအဆင့် ပညာသင်ကြားခဲ့တဲ့ကျောင်းတော်ကြီးမှာပဲ ဆရာတစ်ယောက်ပြန်ဖြစ်ခဲ့ရပါတယ်။ ကျွန်တော့်ကို ပညာသင်ကြားပေးဖူးတဲ့ဆရာကြီးဆရာမကြီးများနဲ့အတူပေါ့။
ကျွန်တော်တို့ရဲ့ဆရာဆရာမတွေက ကျွန်တော်တို့ကိုအားကိုးကြတယ်။ သားတို့ကြိုးစားကြ ၊ ကလေးတွေကို စေတနာထားပြီး သင်ကြားပေးကြ ။ ဆုံးမစကားပြောပေးကြပါတယ်။
ကျွန်တော်တို့ကလဲ ဆရာသမားတွေ အားကိုးလောက်အောင်ရော ကလေးတွေစားကြိုးစားချင်စိတ် ဖြစ်အောင်ပါ သင်ကြားပေးကြပါတယ်။ကျွန်တော်တို့ကလဲဆရာသမားတွေရဲ့စကားကို နားထောင်းကြတော့ ကျွန်တော်တို့ပညာသင်ကြားပေးတဲ့ ကလေးတွေကလဲ ကျွန်တော်တို့ရဲ့စကားကိုနားထောင်းကြပါတယ်။
အဲဒီကျောင်းလေးက ဆရာဆရာမများရဲ့ စိတ်စေတနာက အလွန်ပဲ မြင့်မြတ်ကြတယ်။
ကျွန်တော်တို့ကလဲ လူငယ်ဆိုတော့ ကျွန်တော်တို့ရဲ့ကျောင်းကို သူများကျောင်းထက် သာအောင်အမြဲကြိုးစားကြပါတယ်။
ကျောင်းတစ်ကျောင်းရဲ့အုပ်မြစ်က ကျောင်းအုပ်ကြီးရဲ့အာဘော်ပါပဲ။ ကျောင်းအုပ်ကောင်းမှ ကျောင်းကောင်းမယ်။ ကျောင်းအုပ်ရဲ့နောက်လိုက် ဆရာသမားများကလဲကျောင်းအုပ်နဲ့ထပ်တူ ကြိုးစားပေးမှ ကျောင်းကတိုးတက်မှုဆိုတာ ဖြစ်လာတာပါ။
တိုးတက်တယ်ဆိုတာအရားအားလုံးကို ပြောတာပါ။ဘက်စုံးတိုးတက်တာကို ပြောချင်ဖြစ်ပါတယ်။ဆရာတစ်ယောက်ရဲ့တာဝန်ကလဲ ကြီးလေးပါတယ်။ဘာကြောင့်လဲဆိုတော့ကလေးတစ်ယောက်ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အရေးကြီးပါတယ်။
ကျောင်းတစ်ကျောင်းမှာကလေးအားလုံးက အတော်ချည်းပဲ မရှိပါဘူး။အလယ်အလတ်နဲ့ အညံ့ဆိုတာ ရှိပါတယ်။ အဲတာအားလုံးကို ဆရာတစ်ယောက်က ကိုင်တွယ်တတ်ဖို့လိုပါတယ်။
ဒါကိုလဲ ကျွန်တော်ဆရာတစ်ယောက်ဖြစ်လာမှ သိခဲ့ရပါတယ်။ ဒီလိုပြောလို့ ဝါရင့်ဆရာကြီးလို့တော့ မထင်ပါနဲ့။ကျွန်တော်သိခဲ့ရတာကိုပြောတာပါ။
ဆရာတစ်ယောက်ရဲ့တာဝန်ကြီးတာကိုပြောပြတာပါ။ကျွန်တော်ဆရာဆိုတာလဲ အစိုးရဝန်ထမ်းတော့ မဟုတ်ခဲ့ပါဘူး။ ကျောင်းတွေရဲ့မပြည့်စုံမှုကြောင့် အငှားဆရာတစ်ယောက်ဘဝနဲ့ရပ်တည်ခဲ့ရတာပါ။
အစိုးရဝန်ထမ်းနည်းတူ တာဝန်ကျေပွန်အောင် ထမ်းဆောင်ရပါတယ်။ ကျွန်တော် ဆရာလုပ်သက် ရင့်ကျက်ခဲ့ပါတယ်။ဒီလိုနဲ့ ကိုဗစ်ကာလမှာပဲ နောက်တစ်ကျောင်းသို့ ပြောင်း ရွှေ့ခဲ့ရပါတယ်။
သိပ်မကြားပါဘူး ကိုဗစ်19 ရောဂါဆိုး ကျရောက်တော့ ကျွန်တော်လဲ ဆရာအလုပ်ကနေ အပြီးစွန့်လွှတ်ခဲ့ပါတယ်။ဆရာတွေက စေတနာ့ဝန်ထမ်းတွေပါ။
ဘာဖြစ်လို့လဲဆိုတော့ လခစားဆိုတာပဲ ရှိတာပါ။မြန်မာပြည်ရဲ့လစာနဲ့ ကျောင်းဆရာတစ်ယောက်ရဲ့လစာနဲ့ဘာမှလုပ်စားလို့ မရဘူးဆိုတာကို ကျွန်တော်နောက်မှ သိခဲ့ရတယ်။
ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံတွေဆို သာမာန်အလုပ်သမားတစ်ယောက်ရဲ့လစာလောက်တောင် မရှိကြဘူး။ဒါတောင် အနိမ့်ဆုံးနိုင်ငံနဲ့ပဲ ယှဉ်တာနော်။
အမြင့်ဆုံးနိုင်ငံဆို မြန်မာပြည်က ဆရာတစ်ယောက် ထိုင်ငိုလို့ရတယ်ဗျ။ကျွန်တော်လဲ အချိန်လွန်မှပဲ နောင်တရမိတယ်။အခုဆို အချိန်တွေကို နှမျောမိတယ်။
ပိုက်ဆံရဲ့တန်ဖိုးက အရမ်းကို ကွားခြားလွန်းတယ်။မြန်မာပြည်ရဲ့ ခေတ်ဆိုးစနစ်ဆိုးနဲ့တော့ ဘယ်အရာမှ အဆင်ပြေနေမှာ မဟုတ်ပါဘူး။ ခေတ်ဆိုးထဲရောက်နေချိန်မှာ ဝန်ထမ်းလဲမလွယ်သလို၊လက်လုပ်လက်စားသမားတွေလဲ အဆင်ပြေမနေပါဘူး။
ပညာတတ်တွေလဲ နိုင်ငံခြားရောက်။လူငယ်လူရွယ်တွေလဲ အားလုံးနီးပါး နိုင်ငံခြားမှာ ချည်းပဲ။နိင်ငံခြားဆိုတာကလဲ လွယ်နေတယ်လို့တော့ မထင်ပါနဲ့။အခက်အခဲအများကြီးပါပဲ။ဘယ်အရာမှ လွယ်နေတယ်မထင်ပါနဲ့။ပိုက်ဆံအရများသလို စိတ်ခံစားချက်လဲ များကြပါတယ်။ဒါကိုနိုင်ငံခြားရောက်နေတဲ့လူငယ်များနဲ့ ပညာရှင်တွေက အသိဆုံးပါပဲ။
မှတ်ချက်။ ။ အရင်ကစာသင်ခန်းထဲမှာ စေတနာ့ဝန်ထမ်းကျောင်းဆရာတဖြစ်နဲ့ အခုထိုင်းနိုင်ငံရောက် ရွေ့ပြောင်းလုပ်သားတဦးရဲ့ ရင်ဖွင့်လွာဖြစ်ပါတယ်။