Home > Uncategorized > အကြောက်တရားနောက်ကွယ်မှ ပျောက်ဆုံးသွားသော အမှန်တရားများ

အကြောက်တရားနောက်ကွယ်မှ ပျောက်ဆုံးသွားသော အမှန်တရားများ

အကြောက်တရားနောက်ကွယ်မှ ပျောက်ဆုံးသွားသော အမှန်တရားများ

မျက်မှောက်ခေတ်၊ဩဂုတ်(၁၀)

“စစ်တပ်က ပစ်သတ်လို့သေရပါတယ် ဆိုတဲ့အသံတွေသတင်းဌာနတွေမှာပါလာခဲ့ရင် ကျန်ခဲ့တဲ့ မိသားစု၀င်တွေကိုဆက်ပြီး ဒုက္ခပေးကြမှာကြောက်လို့ အပြင်ဘက်ကို ထွက်ကျမလာရဲတဲ့ ရင်ကွဲသံတွေနဲ့ အော်နေကြရတာပါ”

သက်ရှိသတ္တဝါတိုင်းက ကိုယ်နဲ့ကိုယ့်မိသားစုဒုက္ခဖြစ်လာနိုင်တဲ့ အကြောင်း၊အရာနဲ့ပတ်သက်တဲ့အခါ အမှန်တရားကိုပါ မျက်ကွယ်ပြုလိုက်တဲ့အထိ စိုးရိမ်၊သောကစိတ်ဖြစ်တတ်ကြပါတယ်။

အမှန်တရားကို ချမပြရဲနိုင်လောက်ကြတဲ့အထိ စိုးရိမ်ကြောက်ရွံ့ သွားတာ မျိုးပါ။

တိရိစ္ဆာန်ဖြစ်စေ၊လူဖြစ်စေ သက်ရှိ ခန္ဓာကို ပိုင်ဆိုင်ထားကြသူတိုင်းက ထိခိုက်ဒဏ်ရာရမှာ၊နာကျင် သေဆုံးရမှာကို ကြောက်တတ်ကြပါတယ်။ဒါကို ငြင်းပယ်လို့ မရပါဘူး။

အဲ့သလိုပဲ ကိုယ့်မိသားစု၀င်တွေ ဒုက္ခဖြစ်လာနိုင်စေတဲ့ကိစ္စတွေကြောင့် အမှန်ပင်ဖြစ်သော်လည်းမျက်စိစုံမှိတ် ရေငုံနှုတ်ပိတ်ပြီး နေလိုက်ကြတဲ့အခြေအနေတွေကို စစ်ကောင်စီတပ်ကအာဏာသိမ်းပြီး နောက်ပိုင်းမှာအတော်များများကြုံတွေ့လာရပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီးပြီး စစ်ကြောရေးမှာ မတရားသတ်ဖြတ်လိုက်တာခံခဲ့ရပေမယ့် မိသားစု၀င်တွေကလူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ထုတ်မပြောရဲကြတာတွေ၊စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ပြီးလို့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ သက်ပျောက်ဆွမ်းကပ်တဲ့အချိန်မှာတောင်မိသားစု၀င်တွေနဲ့ တိုးတိုး တိတ်တိတ် လုပ်လိုက်ကြရတာမျိုးတွေ မြေပြင်မှာရှိနေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးသတ်ဖြတ်လိုလို့ပဲဖြစ်ဖြစ်၊ရည်ရွယ်ချက်ရှ်ိရှိပစ်ခတ်သတ်ဖြတ်လိုက်လို့ပဲ ဖြစ်ဖြစ်၊ရမ်းသမ်းပစ်ခတ်လို့ပဲ သေဆုံးကြရတာပဲဖြစ်ဖြစ် စစ်ကောင်စီတပ်စိုးမိုးရာ ဒေသခံပြည်သူတွေရဲ့ မိသားစု၀င်တွေက နာကျင်စွာနဲ့ပဲ နှုတ်ပိတ်နေကြရပါတယ်။

စစ်တပ်က ပစ်သတ်လို့သေရပါတယ် ဆိုတဲ့အသံတွေသတင်းဌာနတွေမှာပါလာခဲ့ရင် ကျန်ခဲ့တဲ့ မိသားစု၀င်တွေကိုဆက်ပြီး ဒုက္ခပေးကြမှာကြောက်လို့ အပြင်ဘက်ကို ထွက်ကျမလာရဲတဲ့ ရင်ကွဲသံတွေနဲ့ အော်နေကြရတာပါ။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကိုယ်တိုင်က အစိုးမရသူဖြစ်နေလေတော့ သူ့ရဲ့ လက်အောက်ခံ စုံလုံးကန်းတွေကိုဘယ်ပြည်သူကမှ အယုံအကြည်မရှိတော့ဘဲ စိုးရိမ်၊ကြောက်လန့်စိတ်နဲ့ အသက်ရှင်သန်နေကြရတာကြောင့်အကြောက်တရားရဲ့နောက်ကွယ်မှာ ပျောက်ဆုံးသွားခဲ့ရတဲ့ အမှန်တရားတွေ အမြန်မာနိုင်ငံတ၀န်းမှာ အများအပြားရှိနေပါလိမ့်မယ်။

error: Content is protected !!