စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ရေပိုးစာကျေးရွာအကြား၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် မန္တလေးမှ မုံရွာကိုလာတဲ့ စစ်ကားကြီးနှစ်စီး စက်တင်ဘာလ ၂၃ ရက်နေ့ မနက်က မိုင်းဆွဲခံခဲ့ပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ချောင်းဦး PDF နှင့် မုံရွာသံမဏိအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ချောင်းဦး PDF က သတင်းထုတ်ပြန်ပါတယ်။ ကားမိုင်းထိလို့ ကားနှစ်စီးလုံးထိခိုက်ပျက်စီးသွားသလို ကားပေါ်ပါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချောင်းဦး PDF အနေနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ထုတ်ရေးအတွက် ပြောက်ကျားတိုက်ခိုက်မှုတွေကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး စစ်အာဏာရှင်တိုက်ထုတ်ရေးကို အဆုံးထိ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
#မျက်မှောက်ခေတ် #မိုင်းဆွဲတိုက်ခိုက် #ချောင်းဦးpdf #မုံရွာသံမဏိ #မုံရွာ_မန္တလေးလမ်း