Month

August 2024

တာဝန်ကျေပွန်သွားခဲ့တဲ့ သတင်းသမား

တာဝန်ကျေပွန်သွားခဲ့တဲ့ သတင်းသမား တက်နေထွန်း (မျက်မှောက်ခေတ် ဆောင်းပါး) သူဟာ တော်လှန်ရေးစကတည်းက သတင်းတွေကို ပြည်သူတွေဆီရောက်အောင် တင်ဆက်ပေးခဲ့သူဖြစ်ပါတယ်။ သူဟာ မဖြစ်စလောက်ငွေကြေးအထောက်အပံ့လေးနှင့် သတင်းတွေကို ကြိုးစားပမ်းစားတင်ဆက်ခဲ့သူဖြစ်တယ်။ အန္ဒရာယ်တွေရှိမှန်းသိတဲ့ကြားက သတင်းအတွက်ဆို လူကိုယ်တိုင်သွားလာခဲ့သူဖြစ်ပါတယ်။ သူ့မိသားစုစားဝတ်နေရေးအတွက် သတင်းဌာနကပေးတဲ့ ငွေကြေးနဲ့ မလုံလောက်လို့ အပြင်မှာ...
Read More

ဒုက္ခကြားမှ ဘိုး၊ဘွားများ

ဒုက္ခကြားမှ ဘိုး၊ဘွားများ မျက်မှောက်ခေတ် ဘ၀ရှင်သန်ရပ်တည်ရေးအတွက်မနက်မိုးလင်းချိန်ကစပြီး တနေကုန်အလုပ်လုပ်ခဲ့ရသူဟာ အလုပ်သိမ်းတဲ့ညနေပိုင်းမှာ အေးအေးလူလူ အနားယူခွင့် ရချင်တတ်ကြပါတယ်။ တနေ့တာအလုပ်လုပ်ခဲ့လို့ ပင်ပန်းလာသမျှကိုအလုပ်သိမ်းတဲ့ ညနေပိုင်းအချိန်လေးမှာအနားယူခွင့်၊ စိတ်ပျော်ရွှင်စွာနေထိုင်ခွင့် ရလိုက်တာဟာ ဘယ်လောက်အထိ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ငြိမ်းချမ်းခြင်း ရလိုက်တယ်ဆိုတာကို အလုပ်လုပ်နေကြရသူတိုင်း နားလည်ကြပါလိမ့်မယ်။ ဒါဟာ နေ့တနေ့အတွက်၊စား၀တ်နေရေးအတွက်...
Read More

ကျနော်တို့ပြည်သူတွေရဲ့ ပထမရန်သူ

ကျနော်တို့ပြည်သူတွေရဲ့ ပထမရန်သူ တက်နေထွန်း (မျက်မှောက်ခေတ် ဆောင်းပါး) မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ကျနော်တို့ပြည်သူတွေများစွာကို သတ်ဖြတ်ခဲ့တယ်။ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးခဲ့တယ်။ ပြည်သူတွေကို အကျဥ်းချထားပြီး ညှင်းပမ်းနိုပ်စက်နေဆဲဖြစ်တယ်။ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ကျနော်တို့ပြည်သူတွေရဲ့ အရက်စက်ဆုံး၊ အယုတ်မာဆုံးရန်သူဖြစ်ပါတယ်။ ဒါပေမယ့်...
Read More

ပြည်သူ့မျက်နှာကို ကြည့်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ညီညွတ်ကြဖို့လိုတယ်

ပြည်သူ့မျက်နှာကို ကြည့်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ညီညွတ်ကြဖို့လိုတယ် တက်နေထွန်း (မျက်မှောက်ခေတ် ဆောင်းပါး) စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG ခရိုင်တပ်ရင်းတွေ၊ သီးသန့်ရပ်တည်တဲ့ ဒေသခံ (Local) တပ်ရင်းတွေဖြစ်ပါတယ်။ ဒီတော်လှန်ရေးတပ်ဖွဲ့တွေဟာ တချို့ဒေသတွေမှာ ညီညွတ်မှုရှိပြီး...
Read More

ရေခြားမြေခြားအရပ်က ရင်ဖွင့်စာ

ရေခြားမြေခြားအရပ်က ရင်ဖွင့်စာ အရင်က ဥယျဉ်မှူး အခုရွေ့ပြောင်းလုပ်သား(၂) ထွန်းရောင်ရှိန် (မျက်မှောက်ခေတ်) ကျွန်တော်ငယ်စဉ်က ဖြစ်ချင်တာက အဖြူအစိမ်းလေးဝတ်ပြီး စာသင်ချင်တဲ့ ကျောင်းဆရာတစ်ဦးပါပဲ။ ကျွန်တော်ကငယ်စဉ်က စာမတော်ပါဘူး။အတန်းမှာလူ ၅၀ရှိရင်အဆင့်က ၄၅လောက်ရှိတယ်။ ကိုယ့်နောက်မှာဆိုလို့ ၅ယောက်လောက်ပဲ ကျန်တော့တယ်။ ဒါ‌ပေမယ့် ဆယ်တန်းအထိကို ရောက်လာခဲ့ပါတယ်။ဆယ်တန်းရောက်တော့လဲ...
Read More

မြန်မာ့ပညာရေး လိုအပ်ချက်များစွာထဲက အရေးအကြီးဆုံးအရာတခု

မြန်မာ့ပညာရေး လိုအပ်ချက်များစွာထဲက  အရေးအကြီးဆုံးအရာတခု တက်နေထွန်း (မျက်မှောက်ခေတ် ဆောင်းပါး) လွတ်မြောက်နယ်မြေတွေ၊ စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားကြတဲ့ စာသင်ကျောင်းတွေမှာ လိုအပ်ချက်တွေများစွာရှိကြပါတယ်။ ပထမဦးဆုံးအနေနဲ့ အဆောက်အဦးတွေဟာ ကျောင်းတစ်ကျောင်းရဲ့ အဆောက်အဦးမျိုးဖြစ်ဖို့ဝေးစွ၊ တဲတန်းရှည်ကြီးတွေ ဆောက်ပြီးသင်ကြရတယ်။ တချို့ကျောင်းတွေဆို မိုးကာမိုး၊ ပိတ်စကာ အဆောက်အဦးတွေပါ။ နေပူရင်...
Read More

ခေတ်ပျက်ရဲ့ အိပ်မက်ဆိုးတွေ

ခေတ်ပျက်ရဲ့  အိပ်မက်ဆိုးတွေ မျက်မှောက်ခေတ် သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုသည့်အတိုင်း လူတိုင်းက စား၊၀တ်၊နေရေးအတွက် နေ့ဘက်မှာအလုပ်လုပ်ကြပြီး ညပိုင်းမှာ အိပ်စက် အနားယူကာ လာမယ့်မနက် ဖြန်အတွက် အားမွေးကြရသည်။ ညပိုင်းအလုပ်အလုပ်ကြသူတွေကတော့ နေ့ခင်းဘက် အိပ်ကြလိမ့်မည်။များသောအားဖြင့်တော့ ညပိုင်းမှာ အိပ်စက်အနားယူကြသည်။ တနေ့တာ ပင်ပန်းသမျှ...
Read More
error: Content is protected !!